ပေါက်တောမြို့နယ် ဂြစ်ချောင်းကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောက်ရွက်ပြီးစီး
Oct 13,2023
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သည့် ဂြစ်ချောင်းကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းနှင့်တာဝန်ရှိသူများ ယမန်နေ့နံနက်ပိုင်းတွင် သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။