သတင်းများ

မြို့သစ်မြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ဆောင်ရွက်
Oct 13,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို အောက်တိုဘာ ၁၁ရက်နေ့ နံနက်၁၀ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်းရှိ ဆောင်းနေကြာစိုက်ပျိုးတောင်သူများအား နေကြာမျိုးစေ့အခမဲ့ထောက်ပံ့ပေးအပ်ခြင်းနှင့် ယူရီးယားဓါတ်မြေဩဇာများအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးအပ်ခြင်းအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ
Oct 13,2023
ကယားပြည်နယ်အစိုးရအဖွဲ့မှဦးစီး၍ ပြည်နယ်အတွင်းရှိ ဆောင်းနေကြာစိုက်ပျိုး တောင်သူများအား နေကြာမျိုးစေ့အခမဲ့ ထောက်ပံ့ပေးအပ်ခြင်းနှင့် ယူရီးယားဓါတ်မြေဩဇာများကို သက်သာသောနှုန်းထားဖြင့် ရောင်းချပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်း က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသကွပ်ကဲရေးမှူး၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်များရှိ နေကြာစိုက်တောင်သူများ တက်ရောက်ခဲ့ကြသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ပါရမီရှင်ကမ်းလက်အသင်းမှဦးဆောင်၍ ပဲခူးတိုင်းဒေသကြီး ရေလွှမ်းမိုးခံရသည့်အိမ်ထောင်စုများအား ထမင်းဘူး၊ ရေသန့်ဘူး၊ မုန့်နှင့်ဆေးဝါးများလှူဒါန်း
Oct 13,2023
ပဲခူးတိုင်းဒေသကြီးပဲခူးမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်လျက်ရှိရာ ရေလွှမ်းမိုးခံရသည့်ရွာများသို့ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ပါရမီရှင်ကမ်းလက်အသင်းမှဦးဆောင်၍ ထမင်းဘူး၊ ရေသန့်ဘူး၊ မုန့်နှင့်ဆေးဝါးများအား ယမန်နေ့ နေ့လယ်ပိုင်းက သွားရောက်လှူဒါန်းခဲ့သည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် အလုပ်သမားရေးရာဥပဒေအသိပညာပေး စကားဝိုင်းကျင်းပ
Oct 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် ဥပဒေများကိုသိရှိပြီး လုပ်ငန်းခွင်အေးချမ်းသာယာ၍ ကုန်ထုတ်စွမ်းအားတိုးမြှင့်လာစေရန် ရည်ရွယ်၍ ဒဂုံဆိပ်ကမ်းစက်မှုဇုန်၊ ကနောင်ခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီက အလုပ်သမားရေးရာဥပဒေအသိပညာပေး စကားဝိုင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့၌ မြတ်ဆရာပူဇော်ပွဲကျင်းပ
Oct 13,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်အတွင်းရှိ အသက် (၇၅) နှစ်အထက် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား မြတ်ဆရာပူဇော်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနယ်လှည့်ကွင်းဆင်း ဆောင်ရွက်
Oct 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ စာပေဗဟုသုတများစွာရရှိစေရန်၊ စာအုပ်စာပေများကို အလွယ်တကူဖတ်ရှုလေ့လာနိုင်စေရန်နှင့် စာပေကိုပိုမိုမြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရုံးမှ ဝန်ထမ်းများက ယမန်နေ့နံနက် (၁၀:၃၀)အချိန်က အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပင်းတယမြို့၌ ဒေသခံပြည်သူများအား စားအုန်းဆီ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Oct 13,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ ဈေးတန်းရပ်ကွက်ရှိ (ရှမ်းရိုးမ) ကုန်စုံဆိုင်မှ ဦးမိုးဇော်အောင်(ခ)ကိုသားကြီး၊ ဒေါ်မူမူစိန် မိသားစုတို့က ၎င်းဆိုင်ရှေ့တွင် ယမန့်နေနံနက်ပိုင်းက စားအုန်းဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ပေါက်တောမြို့နယ် သဝင်ချောင်းကျေးရွာရှိ ဒေသခံပြည်သူများအား စားအုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး
Oct 13,2023
မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ဦးစီး၍ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်သဝင်ချောင်းကျေးရွာရှိ ဒေသခံပြည်သူများအား စားအုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက်သဝင်ချောင်းကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းတွင်  ရောင်းချပေးသည်။