စစ်ကိုင်းတိုင်းဒေသကြီး၌ မိုးသီးနှံ နှမ်း ၄၃၃၆၄ ဧက စိုက်ပျိုးပြီးစီး လျာထားဧကထက် ကျော်လွန် စိုက်ပျိုးနိုင်

မုံရွာ အောက်တိုဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရိုင် (၁၄)ခရိုင်ရှိသည့်အနက် ခရိုင်(၁၀)ခရိုင်၌ မိုးသီးနှံ နှမ်း ၄၃၃၆၄ ဧက စိုက်ပျိုးပြီးစီး၍ လျာထားဧကထက် ၃၈၉၂ ကျော်လွန် စိုက်ပျိုးနိုင်ခဲ့သည်။

မိုးနှမ်းများစိုက်ပျိုးရာတွင် နှမ်းမျိုးများဖြစ်သည့် ဆင်းရတနာ-၂၊ ၃၊ ၄၊ ၈၊ ၁၄၊  ရိုးစိမ်း၊ ရှပ်က‌လေး၊ စမုံနက်၊ နှမ်းနီ၊ သိပ္ပံနှမ်းနက်၊ သာဒွန်းဖြူ၊ ဒေသမျိုး နှမ်းမျိုးများကို အထွက်နှုန်းကောင်းမွန်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေးတို့အတွက် စံကွက်များ၊ စမ်းသပ်ကွက်များကို စိုက်ပျိုးထားရှိပြီး တောင်သူလယ်သမားများ မိုးနှမ်းစိုက်ပျိုးရာသီတွင် သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သောစိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ၊ သွင်းအားစုများ၊ သီးနှံမျိုးစေ့များ ကူညီထောက်ပံ့ခြင်းများကို တိုင်းဒေသကြီးစိုက်ပျိုးရေးဉးစီးဌာနမှ အနီးကပ်ကြီးကြပ် လမ်းညွှန်မှုဖြင့်  သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကူညီထောက်ပံ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ပိုးမွှားရောဂါများ ကျရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

အဆိုပါ မိုးနှမ်းများကို တိုင်းဒေသကြီးအတွင်းရှိ မော်လိုက်ခရိုင်တွင် ၈၀ ဧက၊ ကလေးခရိုင်တွင် ၄၂၀၇၃ ဧက၊ ခန္တီးခရိုင်တွင် ၁၃၆ ဧက၊ ဟုမ္မလင်းခရိုင်တွင် ၁၂၂ ဧက၊ နာဂဒေသတွင် ၅၃၅ ဧက၊  မုံရွာခရိုင်တွင် ၁၁၁၁၀၀ ဧက၊ ယင်းမာပင်ခရိုင်တွင် ၁၈၈၄၃၄ ဧက၊ ရွှေဘိုခရိုင်တွင် ၁၃၉၆၈ ဧက၊ ရေဦးခရိုင်တွင် ၃၁၆၆၁ ဧက၊ ကန့်ဘူခရိုင်တွင် ၄၅ ဧက၊ စစ်ကိုင်းခရိုင်တွင် ၄၃၉၅၃ ဧက၊ ကသာခရိုင်တွင် ၁၂၆၇ ဧက၊  စုစုပေါင်း ၄၃၃၃၆၄ ဧကကို  မေလဆန်းမှ စတင်စိုက်ပျိုးနိုင်ခဲ့ပြီး ယနေ့အချိန်အထိ ၃၇၇၄၅၀ ဧက ရိတ်သိမ်းနိုင်ခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်း ၆ ဒသမ ၇၇ ရာခိုင်နှုန်းဖြင့် စုစုပေါင်း မိုးနှမ်းတင်းပေါင်း ၂၅၅၆၃၉၈ ထွက်ရှိကာ ကျန်ရှိမိုးနှမ်းများကို အောက်တိုဘာလကုန်အထိ ဆက်လက် ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)