အိမ်မဲ အောက်တိုဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အတွင်း အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား များအား လူမှုရေးပင်စင်ထောက်ပံ့ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ တက်ရောက် ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား (၈၂၃) ဦးအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ် (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ) လတို့အတွက် တစ်ဦးလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၂၅၃၈၀၀၀၀) ကျပ်နှင့် အာဟာရပြည့်ဝစေရေးဆန်နှင့် ကြက်ဥများကို ထောက်ပံပေးအပ်ခဲ့သည်။
ထို့နောက် သက်ကြီးဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးက ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြား ခဲ့ကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)