သတင်းများ

လုပ်ငန်းခွင်ပြင်ပ မတော်တဆ ထိခိုက်ဒဏ်ရာရ၍ သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေလုံးငွေရင်း ထုတ်ပေး
Oct 13,2023
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ လုပ်ငန်းခွင်ပြင်ပ မတော်တဆ ထိခိုက်ဒဏ်ရာရ၍ သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေလုံးငွေရင်း ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြန်မာ့မီးရထား နေပြည်တော်ဘူတာခန်းမတွင် ကျင်းပသည်။
ခိုလမ်မြို့တွင် မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရန် သန့်ရှင်းရေးများ ဆောင်ရွက်
Oct 13,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရန် သန့်ရှင်းရေးများဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းအချိန်တွင် ဆောင်ရွက်ခဲ့သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် သရက်မြို့နယ် ဘော်ကျေးရွာတွင် ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံ
Oct 13,2023
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် သရက်မြို့နယ် ဘော်ကျေးရွာ ကွင်းအမှတ်(၉၁၇)၌ ယမန်နေ့ မွန်းလွဲ(၁)နာရီက စိုက်ပျိုးထားရှိသော မိုးစပါး မှော်ဘီ(၂)မျိုးစေ့ထုတ် စိုက်ခင်း (၁၀)ဧကအား စုပေါင်းမြေဩဇာကြဲပတ်ခြင်း ဆောင်ရွက်နေမှုနှင့် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မုံရွာမြို့၌ အခြေခံစားသောက်ကုန် စားသုံးဆီများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိ
Oct 13,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မုံရွာမြို့ပေါ်ရပ်ကွက်များအတွင်းရှိ   အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ကြသော ဒေသခံပြည်သူများ နေ့စဥ်နေထိုင်စားသောက်ရေး အထောက်အကူဖြစ်စေရန်နှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဆီလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းပြီး  အခြေခံစားသောက်ကုန်ဆီများအား သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက် ၁၀ နာရီချိန်က ရုံးကြီးရပ်ကွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် စနစ်တကျ ရောင်းချပေးခဲ့ကြောင်း သိရသည်။
National ICT Awards-2023(Education Project Skill Competition) အထောက်အကူပြု၊ တိုင်းအဆင့်(ဆင့်ပွား)ဆွေးနွေးပွဲ သင်တန်း ဆင်းပွဲပြုလုပ်
Oct 13,2023
မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံး National ICT Awards-2023(Education Project Skill Competition) အထောက်အကူပြု၊ တိုင်းအဆင့်(ဆင့်ပွား)ဆွေးနွေးပွဲ သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အမှတ်(၁၅)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Oct 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် မီးဘေးအန္တရာယ် ဖြစ်ပွားပေါ်ပေါက်လာပါက အချိန်မီ ငြှိမ်းသတ်နိုင်ရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ညနေ (၂)နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးအတွင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲမှ (သုည ဒသမ သုံးပေခန့်) ဆက်လက်ရေကျော်ကျလျက်ရှိပြီး ဘုတ်ချောင်းဆည်ရေလှောင်တမံရေပိုလွှဲမှ ရေကျော်ကျခြင်းမရှိ
Oct 13,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးအတွက် တောင်သူများ အားထားရသည့် ပုလင်းဆည်၊ စွန်ဆည်၊ ဆဒ္ဒန်ဆည်နှင့်ဘုတ်ချောင်းဆည်များရှိသည့်အနက် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲမှ ယနေ့ နံနက်ပိုင်းတွင် (သုည ဒသမသုံးပေခန့်) ဆက်လက်ရေကျော်ကျလျက်ရှိပြီး ဘုတ်ချောင်းဆည်ရေလှောင်တမံရေပိုလွှဲမှ ယနေ့ နံနက်ပိုင်းတွင် ဆက်လက်ရေကျော်ကျခြင်းမရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
နောင်မွန်းမြို့၌ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ကျင်းပ
Oct 13,2023
ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရေးနှင့် မြို့နယ်ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပသော မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၁၆)နှစ်အထက် အမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၃)နာရီတွင် မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။