သတင်းများ

မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ အမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလှမ်းများရရှိစေရန် အခြေခံစက်ချုပ်သင်တန်း အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည်
Oct 13,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ကျေးလက်ဒေသများရှိ အမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလှမ်းများရရှိစေရန် အခြေခံစက်ချုပ်သင်တန်းကို  အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းခုတ်မြို့၌ ဒေသထွက် ကျွဲကောသီး(ခ)မအို့သီးများ လှိုင်လှိုင်ပေါ်သဖြင့် မိသားစုအပိုဝင်ငွေ ရရှိ
Oct 13,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ဒေသထွက်ကျွဲကောသီး(ခ)မအို့သီးများ လှိုင်လှိုင်ပေါ်သဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ဝမ်ကတ်ကျေးရွာမှ ကျွဲကောသီး (ခ)မအို့သီးတစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသူ ဦးစိုင်းလုံကျောက်ထံမှ သိရသည်။
ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကဗျာရွတ်ဆိုပြိုင်ပွဲဆောင်ရွက်
Oct 13,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင်  ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၂) နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပင်လောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း နားမွန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာအသိပညာပေး ဟောပြော
Oct 13,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း နားမွန်းကျောင်းတွင် လူငယ်၊ လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် ဗလငါးတန် ပြည့်စုံစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ် မြို့မဈေးကြီးအတွင်း (အမဲ၊ ဝက်၊ ဆိတ်) အသားများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချပေးလျက်ရှိ
Oct 13,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့မဈေးကြီးအတွင်း (အမဲ၊ ဝက်၊ ဆိတ်)အသားများအား သတ်မှတ်ဈေးနှုန်းအတိုင်း  ရောင်းချလျက်ရှိကြောင်း သိရသည်။
နောင်တရားဒေသ၌ ဂျင်းစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း
Oct 13,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင်ကျေးရွာများရှိ ဂျင်းစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ကျိုင်းတုံမြို့ မဟာမြတ်မုနိဘုရား၌ ဝါတွင်းကာလ စုပေါင်းဆွမ်းလောင်းလှူပွဲ ကျင်းပ
Oct 13,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဝါတွင်းကာလ အပတ်စဉ်ကျင်းပမြဲဖြစ်သည့် စုပေါင်းဆွမ်းလောင်းလှူပွဲကို ယမန်နေ့ နံနက် ၆ နာရီခွဲက အမှတ်(၄)ရပ်ကွက်ရှိ မဟာမြတ်မုနိဘုရား၌ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူအလှူရှင်များ တက်‌ရောက်ကြသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် အိမ်မဲမြို့နယ်ရှိ နယူးဧရာ(၁) မျိုးစပါး မိုးစပါးစံကွက် ရိတ်သိမ်းပွဲနှင့် အသက်(၈၅)နှစ်အထက် ဘိုး/ဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်
Oct 13,2023
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်းမောင်ဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများလိုက်ပါလျက် ယမန်နေ့ နေ့လည်ပိုင်းတွင် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ရှိ နယူးဧရာ(၁)မျိုးစပါး မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ တက်ရောက်ကြည့်ရှု အားပေးခဲ့ပြီး အသက်(၈၅)နှစ်အထက် ဘိုး/ဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပေးအပ်ခဲ့သည်။