လဟယ်မြို့တွင် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးအသင်းဖွဲ့စည်းရန် အစည်းအဝေးကျင်းပ
Oct 13,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လမ်းညွန်မှုအရ လဟယ် မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်း ဖွဲ့စည်းနိုင်ရန် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က လဟယ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းခဲ့ ကြောင်း သိရသည်။