မင်းလှမြို့နယ် မြောက်ရပ်ကွက်တွင် “စားသုံးဆီ” တစ်ပိသာလျှင် ၅၀၀၀ကျပ်ဖြင့် ရောင်းချပေး

အထက်မင်းလှ  အောက်တိုဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဥ်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ဦး‌ဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ အခြေခံစားကုန် စားသုံးဆီများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီက မြောက်ရပ်ကွက်၌ ရောင်းချပေးခဲ့သည်။           

ထိုသို့ စားသုံးဆီများ ရောင်းချရာတွင် မြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးထံတွင် လက်မှတ်များရယူ၍ ကာလပေါက်စျေးထက် စျေးနှုန်း လျှော့ချကာ စားသုံးဆီ တစ်ပိသာလျှင်(၅၀၀၀) ကျပ်နှုန်းဖြင့် ဆီပိဿာ (၂၂၀)ပိဿာ၊ အိမ်ထောင်စု(၂၂၀)စုအား ရောင်းချပေးခဲ့သည်။ အဆိုပါ စားသုံးဆီများကို ပြည်သူများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချနိုင်ရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ပြည်သူများအား ဆက်လက်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)