သတင်းများ

သရက်မြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်
Apr 08,2026
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များ ဌာနဆိုင်ရာရေကစားမဏ္ဍပ်များ၊ ရပ်ကွက်ကျေးရွာရေကစားမဏ္ဍပ်များ စတင်ဆောက်လုပ်လျက်ရှိကြသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Apr 08,2026
ရန်ကုန်တိုင်းဒေသကြီး၊  ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ချမ်းမြသာစည်မြို့နယ်မီးသတ်စခန်းမှ ရပ်ကွက်နေပြည်သူများအား သောက်သုံးရေ လှူဒါန်း
Apr 08,2026
နွေရာသီကာလအတွင်း အပူရှိန်မြင့်မားမှုကြောင့် သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသော မိဘပြည်သူများအတွက် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် ၅၃ လမ်း၊ ၁၀၆×၁၀၇ လမ်းကြား အောင်ပင်လယ်ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ သောက်သုံးရေများ လှူဒါန်းဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွှဲ ၁၂ နာရီမှစ၍ ဆောင်ရွက်ခဲ့ကြသည်။
ချောင်းဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် မွေးကင်းစမှ အသက် ၁ နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ
Apr 08,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့ နံနက်ပိုင်းမှ နေ့လယ်ပိုင်းအထိ မွေးကင်းစမှ အသက်၁နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ထိုးပေးနေကြဖြစ်သည့် တိုးချဲ့ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စစ်ဆေး၍ မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးရာ လာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။
မိုင်းရှူးမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပေး လှည့်လည်ဆော်ဩ
Apr 08,2026
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊မိုင်းရှူးမြို့နယ်တွင် သင်္ကြန်ကာလအတွင်း မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေးနှင့် မိဘပြည်သူများအနေဖြင့် စိတ်ချမ်းမြေ့ပျော်ရွှင်စေရေးအတွက် မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့ ညနေ ၅ နာရီအချိန်က မီးသတ်ယာဉ်ဖြင့် မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ပြီး လှည့်လည်အသိပေးဆော်သြခဲ့သည်။
မြစ်သားမြို့နယ်​ ပြည်သူ့စာကြည့်တိုက်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Apr 08,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
တာလေမြို့၌ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ တွေ့ဆုံပွဲကျင်းပ
Apr 08,2026
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၄ နာရီ ၃၀ မိနစ်အချိန်က နားယောင်းကျေးရွာအုပ်စု၊ ပန်ချီဟတ်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
သံဖြူဇရပ်မြို့နယ်၌ အပူဒဏ်ကာကွယ်ရေးအသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Apr 08,2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ ပြည်သူများ အပူဒဏ်အန္တရာယ်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့က သံဖြူဇရပ်မြို့ အမှတ်(၁)မြို့မစျေးကြီးနှင့် အမှတ်(၂)ဈေးတို့တွင် ဆောင်ရွက်ခဲ့ကြသည်။