သတင်းများ

၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄) ခရိုင် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များ ယှဉ်ပြိုင်
Apr 08,2026
၂၀၂၆ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄) ခရိုင်  အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ဧပြီ(၁)ရက်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ၂၅ ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းနှင့် စမ်းချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်းတို့တွင် နေ့စဉ် နံနက် ၇နာရီ ခွဲ နှင့် မွန်းလွဲ ၃နာရီခွဲတို့တွင် ယှဉ်ပြိုင်ကစားကြပြီး ယမန်‌နေ့ ဧပြီ ၇ ရက်နေ့တွင် ရှုံးထွက်ပွဲစဉ်များ ယှဉ်ပြိုင်ကစားကြသည်။
မကွေးတိုင်းဒေသကြီးအတွင်း စားသုံးသူပြည်သူများလက်ဝယ်သို့ စားအုန်းဆီများအပြည့်အဝ ထုတ်ယူရရှိရေး ကွင်းဆင်းစစ်ဆေး
Apr 08,2026
မကွေးတိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးရောင်းချခြင်းကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်ချက်ဖြင့် မကွေးတိုင်းအတွင်းရှိ ခွဲဝေရရှိသည့် ပြည်သူ့ဆီ (၂%) အမြတ်ဖြင့် ရောင်းချသော စားအုန်းဆီများအား ခရိုင်အလိုက် နယ်မြေအခြေအနေနှင့် လူဦးရေအပေါ်အခြေခံ၍ ကုမ္ပဏီ(၁၁)ခုမှ ဖြန့်ခွဲရောင်းချလျက် ရှိရာ ရုံးပိတ်ရက်ရှည်(သင်္ကြန်ကာလအတွင်း) ခရိုင်/မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ စားသုံးသူ ပြည်သူများ လက်ဝယ်သို့ အပြည့်အဝပြန့်ပြန့်နှံနှံ ရောက်ရှိစေရန်နှင့် သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချစေရေး မကွေးတိုင်းဒေသကြီး၊ ခရိုင်/မြို့နယ်များတွင် စားအုန်းဆီဖြန့်ဖြူး ရောင်းချခြင်းကြီးကြပ် ရေးကော်မတီ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊  တိုင်းဒေသကြီးဦးစီးမှူး ဦးရဲမျိုးလွင်ဦးဆောင် ၍ ယမန်နေ့ နံနက်ပိုင်းက မကွေးမြို့နယ်၊ မင်းဘူးမြို့ နယ်တို့တွင်သက်ဆိုင်ရာ တိုင်း/ခရိုင်မြို့နယ်အဖွဲ့ဝင်များဖြစ်သည့် အထူးစုံစမ်းရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ဗဟိုစာရင်းအင်းအဖွဲ့တို့ဖြင့် ကွင်းဆင်းစစ်ဆေးသည်။
မိတ္ထီလာမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ရန်ကုန်-မန္တလေးကားလမ်းမအနီး သစ်ပင်သစ်ကိုင်းကျိုးကျပျက်စီးမှုအား ရှင်းလင်းဆောင်ရွက်
Apr 08,2026
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် ယမန်နေ့ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ဇောင်ချမ်းကုန်းကျေးရွာနှင့် ရန်ကုန်-မန္တလေးကားလမ်းမအနီး သစ်ပင်သစ်ကိုင်းများ ကျိုးကျပျက်စီးမှုအား ခရိုင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ကြရာ တာဝန်ရှိသူများက ကြည့်ရှု့စစ်ဆေးအားပေးခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်
Apr 08,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် (၁၃၈၇)ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုများဖြင့် ယခုအချိန်၌ မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ကော်မတီဝင်များက ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက မော်တော်ရေယာဉ်များအား ကြည့်ရှုစစ်ဆေး
Apr 08,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရေယာဉ်များအား ယနေ့ နံနက်ပိုင်းက တုံးလှဲချောင်းမြစ်အတွင်းရှိ ရေယာဉ်အမည် MV ရတနာထိန်းလင်း၊ MV ရွှေလမင်း (၁)၊ MV- 958 နှင့် MV အာသာဝတီတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်၌ လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်
Apr 08,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း၌ လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက လေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
တနိုင်းမြို့နယ် လူထုအခြေပြုဗဟ်ိုဌာန၌ ဆုပေးပွဲကျင်းပ
Apr 08,2026
တနိုင်းမြို့နယ် လူထုအခြေပြုဗဟ်ိုဌာန၌ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ ရေဆေးပန်းချီပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဂုန်နီအိတ်စွတ်ပြိုင်ပွဲ၊ ခဲပန်းချီပြိုင်ပွဲများအတွက် ဆုများချီးမြှင့်ခြင်းကို ယနေ့ ၁၀ နာရီတွင် လူထုအ​ခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ရာ ဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန ဦးစီးအရာရှိဒေါ်ဝါဦးနှင့် ဝန်ထမ်းများက တစ်ဦးလျှင် သုတ၊ ရသစာအုပ်တစ်အုပ်စီ ဆုချီးမြှင့်ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် တောင်ဖီလာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေ (၁၀) ကြိမ်မြောက်ထုတ်ချေး
Apr 08,2026
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ခင်တဲကျေးရွာအုပ်စု၊ တောင်ဖီလာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေ (၁၀) ကြိမ်မြောက် ထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။