ကြည့်မြင်တိုင်မြို့နယ်၌ နွေရာသီအခြေခံကာတွန်းရေးဆွဲနည်းသင်တန်း ဆက်လက်သင်ကြားပို့ချ
Apr 08,2026
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသားကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တများ ဖွံဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကြည့်မြင်တိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံကာတွန်းရေးဆွဲနည်းသင်တန်းကို ယမန်နေ့က ဆက်လက်သင်ကြားပေးလျက်ရှိသည်။