သတင်းများ

ရန်ကင်းမြို့နယ်၌ မီးဘေးအန္တရာယ်အသိပညာပေးဆွေးနွေးပြီး ရှေးဦးမီးငြိမ်းသတ်ရေးလက်တွေ့ သရုပ်ပြလေ့ကျင့်
Apr 08,2026
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် အမှတ်(၈)ရပ်ကွက် နှင်းဆီလမ်းရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကံဘဲ့ဝန်ထမ်းအိမ်ရာနေ ဝန်ထမ်းများနှင့်မိသားစုဝင်များအား မြို့နယ်မီးသတ်ဦးစီးမှူးဦးထိန်လင်းနှင့် စည်ပင်မီးသတ်ဌာနစုမှူးတို့ဦးဆောင်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်းနှင့် ​မီးငြိမ်းသတ်ရေးလက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့ နံနက်၁၀ နာရီက ဆောင်ရွက်သည်။
ကွမ်းခြံကုန်းမြို့နယ် ဆီဆိုင်များ၌ စုံ/မရက် ဖြန့်ဖြူးရောင်းချမှုများအား စစ်ဆေး
Apr 08,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ စက်သုံးဆီခြုံးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေး Bar Code/QR Codeဖြင့် စုံ/ မ ယာဥ်များကို နေ့အလိုက်စက်သုံးဆီရောင်းချနေမှု လိုက်လံစစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက Winnerဆီဆိုင်၊ U Pဆီဆိုင်၊ APEX. စက်သုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့တွင် နွေရာသီအခြေခံကွန်ပျူတာသင်တန်း ဆင်းပွဲကျင်းပ
Apr 08,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၂၀၂၆ ခုနှစ် ဧပြီလ ၆ ရက်နေ့က နွေရာသီအခြေခံကွန်ပျူတာသင်တန်း ဆင်းပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၌ မီးဘေးလုံခြုံရေးအသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက်
Apr 08,2026
ပူပြင်းခြောက်သွေ့သော ပွင့်လင်းရာသီကာလအတွင်း မီးဘေးလုံခြုံရေးအတွက် ရည်ရွယ်၍ မီးဘေးလုံခြုံရေးအသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်မှုလက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။
ဘားအံမြို့ နန်းဖော့အွာသဲသောင်ပြင်သင်္ကြန် ဖွင့်လှစ်
Apr 08,2026
သံလွင်မြစ်ရေကျချိန်တွင် ပေါ်ထွန်းလာသော ဖြူလွလွသဲသောင်ပြင်ကြီးပေါ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော နန်းဖော့အွာသဲသောင်ပြင်သင်္ကြန်ပွဲတော်ဖွင့်ပွဲကို ဧပြီလ ၇ ရက်နေ့ မွန်းလွဲ ၄ နာရီက ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကမ်းနားလမ်းညဈေးအနီးတွင် ကျင်းပသည်။
မြစ်ကြီးနားမြို့နယ်၊ ‌ရွှေစက်ရပ်ကွက်၊ နယ်မြေ (၁)၊ အိမ်အမှတ် (၄၁) တွင် ဓာတ်ဆီဘောက်ဆာတွဲကားမှ အခြားဆီတိုင်ကီအတွင်းသို့ စက်ဖြင့်ဆီလှယ်ရာ ပိုက်ဆက်ပြုတ်၍ မီးလောင်မှုဖြစ်ပွား
Apr 08,2026
မြစ်ကြီးနားမြို့နယ်၊ ရွှေစက်ရပ်ကွက်၊ နယ်မြေ (၁)၊ အိမ်အမှတ် (၄၁) တွင် ယနေ့နံနက် ၈ နာရီခွဲခန့်က ဓာတ်ဆီဘောက်ဆာတွဲကားမှ အခြားဆီတိုင်ကီအတွင်းသို့ စက်ဖြင့်ဆီလှယ်ရာ ပိုက်ဆက်ပြုတ်၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။
မြန်မာ့နှစ်သစ်ကူးအကြို (တတိယအကြိမ်) စာချစာသင် သီလရှင်အပါး (၁၀၀) အား ရတနာပုံတက္ကသိုလ်၌ နေ့ဆွမ်းဆက်ကပ်ပွဲနှင့် သီလရှင်ဝတ်စုံလှူဒါန်းပွဲ ကျင်းပ
Apr 08,2026
အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ် ဗုဒ္ဓဘာသာအသင်းကကြီးမှူး၍ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ အမှူးပြုသော ဒုတိယပါမောက္ခချုပ်များနှင့် သင်ကြား၊ စီမံပညာရေးမိသားစုများ စုပေါင်း၍ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေရှိ ချမ်းမြရံသီပရိယတ္တိသီလရှင်စာသင်တိုက်၌ သီတင်းသုံးတော်မူကြသည့် သာသနာ့အနွယ်ဝင် စာချစာသင်သီလရှင်အပါး (၁၀၀) အား မြန်မာ့နှစ်သစ်ကူးအကြို (တတိယအကြိမ်) နေ့ဆွမ်းဆက်ကပ်ပွဲနှင့် သီလရှင်ဝတ်စုံ လှူဒါန်းပွဲမင်္ဂလာအခမ်းအနားကို ယနေ့နံနက် နံနက် ၉ နာရီခွဲက အဆိုပါတက္ကသိုလ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်နှင့် တာဝန်ရှိသူများ စက်သုံးဆီအရောင်းဆိုင်များ လှည့်လည်ကြည့်ရှုစစ်ဆေး
Apr 08,2026
‎‎‎မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်သည် ရေနံထွက်ပစ္စည်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ်ချက်နှင့်အညီ ရောင်းချမှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ကြည့်ရှုစစ်ဆေးခဲ့သည်။