သတင်းများ

သင်္ကြန်ကာလအတွင်း YBS ယာဉ်များ ပြေး​ဆွဲ​ဝန်​ဆောင်မှုပေးမည်
Apr 08,2026
သင်္ကြန်ပိတ်ရက်အတွင်း အများပြည်သူခရီးသွားလာမှု အဆင်ပြေစေရေးသင်္ကြန်ပိတ်ရက်အတွင်း အများပြည်သူခရီးသွားလာမှု အဆင်ပြေစေရေးအတွက် သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက်နေ့မှ သင်္ကြန်အတက်နေ့နှင့် ၁၇ ရက်အထိ YBS ကုမ္ပဏီ ၁၅ ခုက ယာဉ်လိုင်းပေါင်း၇၁ လိုင်း၊ ယာဉ်အစီးရေ ၁၀၀၀ ကျော်ဖြင့် ပြေးဆွဲဝန်ဆောင်မှုပေးမည်ဖြစ်သည်။
ပြင်ဦးလွင်မြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Apr 08,2026
ကျောင်းသား၊ ကျောင်းသူများ လမ်းအသုံးပြုရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဉ်မတော်တဆမှုများကျဆင်းစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၇ နာရီခွဲအချိန်က ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁)၊ တရုတ်ဗုဒ္ဓဘာသာစာသင်ကျောင်းရှိ တရုတ်ယူနန်မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ ဈေးနှင့်စက်သုံးဆီအရောင်းဆိုင်များ၌ မီးဘေးလုံခြုံရေး စစ်ဆေး
Apr 08,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှမြို့နယ်အတွင်း မီးလောင်မှု/မီးလန့်မှုများမဖြစ်ပေါ်စေရေးအတွက် အမှတ်(၂၈) ရပ်ကွက်၊ သခင်အုန်းခင်လမ်း၊ အမှတ်(၃)ဈေးနှင့် (၂၇)ရပ်ကွက်၊ ပြည်ထောင်စုလမ်း၊ အမှတ်(၂၇/၉)ရှိ DENKO-2 (စက်သုံးဆီအရောင်းဆိုင်)တို့အား မီး‌ဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယမန်နေ့ ည‌နေ ၆ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) ကျင်းပ
Apr 08,2026
တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)ကို ယမန်နေ့ နံနက် ၁၀ နာရီက ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဟင်္သာတမြို့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်
Apr 08,2026
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်တွင် ကျရောက်မည့် ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုအတာသင်္ကြန်ပွဲတော်အား ဟင်္သာတမြို့တွင် ခရိုင်အဆင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားနိုင်ရေး ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ
Apr 08,2026
တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးစတုတ္ထနေ့ကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ဟားခါးမြို့ရှိ ချင်းပြည်နယ်လွှတ်တော် အဆောက်အအုံအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဒေးဒရဲမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ
Apr 08,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ ၁၃၇၈ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ရာ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ဗဟိုမဏ္ဍပ်တွင်ကပြဖျော်ဖြေမည့်ယိမ်းအဖွဲ့များက သက်ဆိုင်ရာရပ်ကွက်၊ အုပ်စုများအလိုက် ကြိုတင်လေ့ကျင့်လျက်ရှိ‌ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး နေပြည်တော်ကောင်စီနှင့် နေပြည်တော်အဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Apr 08,2026
နေပြည်တော်ကောင်စီနှင့် နေပြည်တော်အဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၇ ရက် မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ (၁) ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။