သတင်းများ

ပြင်စလူမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Apr 08,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ကန့်ဘလူ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှင့် ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်း ဆောင်ရွက်
Apr 08,2026
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် မီးသတ်ဦးစီးဌာနနှင့် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်းနှင့် ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို မတ် ၆ ရက် နံနက် ၉ နာရီခွဲက ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကော့မှူးတွင် စက်သုံးဆီဈေးနှုန်းများ မြှင့်တင်ရောင်းချမှုမရှိစေရေး လိုက်လံစစ်ဆေး
Apr 08,2026
လက်ရှိကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေးပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းသည့် သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်းတစ်လျှောက်တွင် အတားအဆီး အဟန့်အတားပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများကြောင့် စက်သုံးဆီ ခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ ဖြစ်သော မကျီးကန်ကျေးရွာအုပ်စုရှိ Apex နှင့် Max စက်သုံးဆီအရောင်းဆိုင်၊အ​ဖျောက်ကျေးရွာအုပ်စုရှိ ရွှေသရဖူ စက်သုံးဆီအရောင်းဆိုင်များတွင် စီးပွားဖြစ် ဆီတန်းဝင်ဝယ်ယူ‌ ရောင်းချမှုရှိမရှိကို တာဝန်ရှိသူများ လိုက်လံစစ်ဆေးနေကြောင်း သိရသည်။
ရက် ၁၀၀ စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းဆောင်ရွက်ပေး
Apr 08,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးလေးဆွေနှင့်ဝန်ထမ်းများက ဧပြီ ၆ ရက်နံနက်က အမှတ်(၂) ရပ်ကွက်၌ အသက် ၁၀ နှစ်မှ ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများအား ရက် ၁၀၀ စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကော့မှူးမြို့နယ် ထန်းမနိုင်‌ကျေးရွာ၌ ကျေးရွာနေပြည်သူများအား သောက်သုံး‌ရေများ လှူဒါန်း
Apr 08,2026
နွေရာသီကာလအပူချိန် မြင့်မားလာသည့်အတွက် ရပ်ကွက်/ ကျေးရွာနေပြည်သူများ၏ သောက်သုံးရေအခက်အခဲကို ကူညီဆောင်ရွက်ပေးသည့်အနေ ဖြင့် သောက်သုံး‌ရေများ လှူဒါန်းပေးခြင်းကို ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနမှ ထန်းမနိုင်ကျေးရွာ၌ကျေးရွာနေပြည်သူများအား ရေဂါလံ (၄၈၀၀) အား လှူဒါန်းပေးနေကြောင်း သိရသည်။
ရေးမြို့နယ်၌ အပူဒဏ်အန္တရာယ်ကာကွယ်ရေး  အသိပညာပေး ကွင်းဆင်းဆောင်ရွက်
Apr 08,2026
မွန်ပြည်နယ်၊ရေးမြို့နယ်၌ အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သော ဆိုးကျိုးများ မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ခြင်းအနေဖြင့်  အသိပညာပေးခြင်းများကို မတ် ၂၅ ရက်မှစ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ရပ်ကွက်၊ ကျေးရွာများအလိုက် ကွင်းဆင်းဆောင်ရွက်သည်။
ရွှေဘိုမြို့ ရွှေချက်သိုစေတီတော်မြတ်ကြီး၌ ဘုရားအနေကဇာတင်‌ ရေစက်ချအောင်ပွဲအခမ်းအနား ကျင်းပ
Apr 08,2026
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ တည်ထားကိုးကွယ်တော်မူခဲ့သော မြို့တည်နန်းတည် သတ္တဌာန ခုနှစ်ခုတွင် တစ်ခုအပါအဝင်ဖြစ်သည့် ရွှေချက်သိုစေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူခြင်းနှင့် ဘက်စုံပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ပြီးမြောက်အောင်မြင်ပြီဖြစ်ပါ၍ ဘုရားအနေကဇာတင် ရေစက်ချအောင်ပွဲအခမ်အနားကို ယနေ့နံနက် (၈) နာရီအချိန်က ရွှေချက်သိုစေတီတော်အရှေ့ဘက် အာရုံခံအတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရွှေတောင်မြို့နယ်၌ ဂုဏဝိသိဋ္ဌပူဇာသဘင်အခမ်းအနား ကျင်းပ
Apr 08,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့ မဟာဝိသုတာရာမ၊ ဂန္ဓာရုံကျောင်းတိုက်တွင် ယမန်နေ့ နေ့လယ်ပိုင်းက နိုင်ငံတော်မှ ဆက်ကပ်သောသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရရွှေတောင်မြို့ မဟာဝိသုတာရာမ၊ ဂန္ဓာရုံကျောင်းတိုက် ဦးစီးပဇာနနာယကဆရာတော် ဘဒ္ဒန္တစန္ဒာသီရိ ဂန္ထဝာစကပဏ္ဍိတအရှင်သူမြတ်၏ ဂုဏဝိသိဋ္ဌပူဇာသဘင်အခမ်းအနားကို ကျင်းပသည်။