သတင်းများ

မိုင်းပျဥ်းမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်
Apr 08,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ ဦးဆောင်၍ သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေး ကော်မတီအဖွဲ့များက ယနေ့နံနက်ပိုင်းတွင်စတင်ကာ ကြိုတင်ပြင်ဆင်မှုများ စနစ်တကျဆောင်ရွက်လျက်ရှိသည်။
သထုံမြို့၊ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမပေါ်၌ အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Apr 08,2026
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပူပြင်းခြောက်သွေ့၍ နေ့အပူချိန်များမြင့်မားနေသည့်ကာလ၌ ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်သတိပြုကာကွယ်နိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်‌ဝေလှုံ့ဆော်ခြင်းကို ယနေ့နံနက်ပိုင်းက သထုံမြို့၊ သုဝဏ္ဏဈေးအ‌ရှေ့၊ ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းမပေါ်၌ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကျင်းပ
Apr 08,2026
တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယမန်နေ့နံနက်(၁၀)နာရီက ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
မိုးညှင်းမြို့၌ ဆီစက်လုပ်ငန်းရှင်များ ဖွံ့ဖြိုးရေးချေးငွေဖြင့်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ခရိုင်/ မြို့နယ်တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး
Apr 08,2026
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် စားသုံဆီများဖူလုံမှုရှိစေရေးအတွက် ဆီစက်လုပ်ငန်းရှင်များ ဖွံ့ဖြိုးရေးချေးငွေဖြင့် လုပ်ငန်းများအကောင်းအထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက မိုးညှင်းမြို့ စိမ်းရတနာမွန်(တောင်ပိုင်း)ရပ်ကွက်ရှိ မြတ်သုခဆီစက် လုပ်ငန်းကို ခရိုင်/မြို့နယ်မှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
သာစည်မြို့နယ်၌ လေပြင်းတိုက်ခတ်ပြီး သစ်ပင်များလဲကျမှုများဖြစ်ပွားခဲ့ရာ ရှင်းလင်းခြင်းများ ဆောင်ရွက်
Apr 08,2026
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ယမန်နေ့ ရက်မွန်းလွဲ ၃ နာရီခွဲခန့်က လေပြင်းများတိုက်ခတ်ခဲ့ရာ သစ်ပင်များလဲကျမှုများဖြစ်ပွားခဲ့သဖြင့် တာဝန်ရှိသူများက အချိန်နှင့်တပြေးညီဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်တလုံးကြီးမြို့တွင် လူငယ်ဘင်ခရာအခြေခံသင်တန်းဆင်းပွဲ ကျင်းပ
Apr 08,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ လူငယ်ဘင်ခရာ အခြေခံသင်တန်းဆင်းပွဲအခမ်းအနားကို ကျောက်တလုံးကြီးအခြေခံပညာအထက်တန်းကျောင်းတွင် ဧပြီလ ၈ ရက် နံနက် ၉ နာရီက ကျင်းပသည်။
ကျိုက်မရောမြို့နယ်တွင် ပြည်သူလူထုအတွင်း အပူဒဏ်အန္တာရယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်
Apr 08,2026
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်ဇင်ထွန်း၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်သူလူထုများအတွင်း အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို မြို့ပေါင်ရပ်ကွက်များအတွင်း အသိပညာပေးနှိုးဆော်ခြင်းလုပ်များကို ယမန်နေ့ နံနက်ပိုင်းက ကျိုက်မရောမြို့ Point စက်သုံးဆီဆိုင်နှင့် လူစည်ကားရာနေရာများ၌ အသိပညာပေးနှိုးဆော်ခဲ့ကြသည်။
ကြံခင်းမြို့နယ်အတွင်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် QR Code စနစ်ဖြင့် စတင်ရောင်းချနေမှုများအား တာဝန်ရှိများက ကွင်းဆင်းစစ်ဆေး
Apr 08,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ ယနေ့နံနက်ပိုင်းက မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များအား QR Code စနစ်ဖြင့် စတင်ရောင်းချပေးနေမှုများအား တာဝန်ရှိများက ကွင်းဆင်းစစ်ဆေးကြသည်။