သတင်းများ

ခိုလမ်မြို့တွင် ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်
Apr 09,2026
၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းလုံး၌ နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိသည်။
မူဆယ်မြို့တွင် အစိုးရသစ်ကာလ ရက် (၁၀၀) စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Apr 09,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် အစိုးရသစ်ကာလ အများပြည်သူများ၏ အခြေခံလိုအပ်ချက်ကို ရှေးရှု၍ ရက် (၁၀၀) စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံစားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို မူဆယ်မြို့၊ ဈေးရပ်ကွက်၊ လူငယ်ဇရပ်တွင် ယမန်နေ့နံနက်ပိုင်းမှစ၍ ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။
ဂန့်ဂေါမြို့တွင် နွေရာသီပန်းချီသင်တန်း၊ စစ်တုရင်သင်တန်း သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ
Apr 09,2026
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ဖွင့်လှစ်ခဲ့သည့် နွေရာသီပန်းချီသင်တန်း၊ စစ်တုရင်သင်တန်း သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
စစ်ကိုင်းမြို့တွင် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Apr 09,2026
၂၀၂၆ ခုနှစ်၊ စစ်ကိုင်းခရိုင်/ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အားကစားဆပ်ကော်မတီများ ပူးပေါင်းဖွင့်လှစ်သော နွေရာသီအခြေခံအားကစားသင်တန်း ဆင်းပွဲအခမ်းအနားကို ဧပြီ ၇ ရက်နေ့နံနက် ၉ နာရီအချိန်က စစ်ကိုင်းမြို့ ပိုးတန်းအားကစားရုံတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး စားသုံးဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Apr 09,2026
စစ်ကိုင်းတိုင်းဒေသကြီး စားသုံးဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၈ ရက်နေ့နံနက် ၉ နာရီခွဲက တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနရုံး အစည်းမဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များအား ချင်းပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက ကျန်းမာရေးစစ်ဆေးပေး
Apr 09,2026
ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏မိသားစုများကို ဧပြီလ ၈ ရက် နံနက်ပိုင်းက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ချင်းပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးဦးဆောင်သော ဟားခါးပြည်သူ့ ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်များနှင့် သူနာပြုများပါဝင်သော ဆေးအဖွဲ့က ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးမြတ်စံ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ၎င်းတို့၏ ဇနီးများကို ကျန်းမာရေးစစ်ဆေးပေး၍ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်နယ်ဝန်ကြီးချုပ်က ဟားခါးပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်များနှင့် သူနာပြုများပါဝင်သော ဆေးအဖွဲ့များအတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၃၀ ပေးအပ်သည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဝန်ကြီးဌာနယိမ်းအဖွဲ့များနှင့် ရပ်ကွက်ယိမ်းများ မြိုင်မြိုင်ဆိုင်ဆိုင် လေ့ကျင့်ပြင်ဆင်လျက်ရှိ
Apr 09,2026
၂၀၂၆ ခုနှစ် (မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်) မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့၌ မိရိုးဖလာယဉ်ကျေးမှုနှင့်အညီ တစ်မူထူးခြား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး လမ်းလျှောက်သင်္ကြန်ပွဲတော်များကို နေရာ(၃)နေရာဖြင့် ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်သည့်အပြင် မဟိုမဏ္ဍပ်၌ ယိမ်းအကပြိုင်ပွဲများအား ရိုးရာယဉ်ကျေးမှုနှင့်အညီ ထည့်သွင်းကျင်းပနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း မဟာသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။
မောက်မယ်မြို့နယ်၌ ငွေလမင်းအစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက် အသင်းသားများအား စုဆောင်းငွေအပေါ် အတိုးများထုတ်ပေး
Apr 08,2026
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ငွေလမင်းဝန်ထမ်းပေါင်းစုံငွေစု ငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့မှ ၂၀၂၆ ခုနှစ် မတ်လ ၂၆ ရက်နေ့အထိ ၆ လအတွက် ဝန်ထမ်းများမှ စုဆောင်းငွေအပေါ် အတိုးများ ထုတ်ပေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ထုတ်ပေးခဲ့ကြောင်း သိရသည်။