တနိုင်း ဧပြီ ၈
တနိုင်းမြို့နယ် လူထုအခြေပြုဗဟ်ိုဌာန၌ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ ရေဆေးပန်းချီပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဂုန်နီအိတ်စွတ်ပြိုင်ပွဲ၊ ခဲပန်းချီပြိုင်ပွဲများအတွက် ဆုများချီးမြှင့်ခြင်းကို ယနေ့ ၁၀ နာရီတွင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ရာ ဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန ဦးစီးအရာရှိဒေါ်ဝါဦးနှင့် ဝန်ထမ်းများက တစ်ဦးလျှင် သုတ၊ ရသစာအုပ်တစ်အုပ်စီ ဆုချီးမြှင့်ကြောင်း သိရသည်။
အဆိုပါဆုပေးပွဲတွင် ကျောင်းသား/ကျောင်းသူဦးရေ (၂ဝ) ဦးအား ပျော်ရွင်တက်ကြွစွာ ပါဝင်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)