သတင်းများ

သရက်မြို့၌ အလှူငွေဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Apr 11,2026
မကွေးတိုင်းဒေသကြီး သရက်မြို့ ထုံးတောင်ကျေးရွာအုပ်စု ဘာဝနာကျောင်းတိုက်အတွင်း ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဘာဝနာကျောင်းတိုက်ပင်မ (၂) ထပ်ကျောင်းဆောင် ပြန်လည်ပြုပြင်မွမ်းမံရန် အလှူငွေဆက်ကပ် လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ထုံးတောင်ကျေးရွာအုပ်စု ဘာဝနာဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။
မြို့သစ်မြို့ မြန်မာ့ရိုးရာ မဟာသင်္ကြန်ဖျော်‌ဖြေရေးမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးဆောင်ရွက်
Apr 11,2026
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်တွင် ဖျော်‌ဖြေရေးမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ကို စည်ကားစွာကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်လျက်ရှိသည်။
မိုင်းဖြတ်မြို့နယ်၌ မဟာသင်္ကြန်ပွဲတော်ကို ရိုးရာယဉ်ကျေးမှုများနှင့်အညီ ကျင်းပမည်
Apr 11,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာရိုးရာယဉ်ကျေးမှုများနှင့်အညီ စီစဉ်ကျင်းပသွားမည်ဖြစ်ရာ ယခုအခါ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ကြိုင်ပြင်ဆင်ရာတွင် ဖျော်ဖြေရေးမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များနှင့် စတုဒိသာကျွေးမဏ္ဍပ်များကို ပြင်ဆင်လျက်ရှိပြီး ယိမ်းအကအဖွဲ့များကလည်း လှပညီညာစွာ ဖျော်ဖြေတင်ဆက်နိုင်ရေးအတွက် လေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (သတ္တမနေ့) ကျင်းပ
Apr 11,2026
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (သတ္တမနေ့) ကို ဧပြီ (၁၀) ရက်၊ နံနက် (၁၀) နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားကိုယ်စားလှယ်များ တက်ရောက်ကြသည်။
တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး သတ္တမနေ့ ကျင်းပ
Apr 11,2026
တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ပေါက်ခေါင်းမြို့နယ်၌ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် မြို့တွင်းအန္တရာယ်ကင်းပရိတ် လှည့်လည်ပူဇော်ခံပွဲ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Apr 11,2026
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ဇီဝိတဒါန ငါးလွှတ်ပွဲ၊ သက်ကြီးဘိုးဘွားများအား ကန်တော့ပွဲနှင့် မြို့တွင်းအန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
မိုင်းကိုင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှု များဆောင်ရွက်
Apr 11,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာအတာ သင်္ကြန်ပွဲတော်ကာလတွင် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ပထမဦးဆုံးအကြိမ်အဖြစ် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
မိုင်းခတ်မြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပမည်
Apr 11,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။