သတင်းများ

ထားဝယ်မြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကာလအတွင်း လာရောက်လည်ပတ်ကြသော ပြည်သူများဖြင့် အထူးစည်ကား
Apr 16,2026
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ထားဝယ်မြို့၊ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်အနီး၊ မြို့တော်ခန်းမ ၂ ရှေ့၊ ဗဟိုမဏ္ဍပ်နှင့် ဌာနဆိုင်ရာမဏ္ဍပ်များ၌ လမ်းလျှောက်သင်္ကြန်အပါအဝင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကာလ အတွင်းလာရောက် လည်ပတ်ကြသော ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
အပူဒဏ်ကြောင့်ဖြစ်တတ်သည့် ရောဂါများ ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ရန် ပြင်ဆင်ထားရှိ
Apr 16,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ မြို့နယ်ဆေးရုံနှင့် တိုက်နယ်ဆေးရုံများတွင် အပူဒဏ်အန္တရာယ်ကြောင့် ဖြစ်နိုင်သောရောဂါများ ကုသပေးနိုင်ရေးအတွက် ပြင်ပလူနာဌာနအတွင်း လူနာဆောင်များတွင် ပြင်ဆင်ထားရှိလျက်ရှိပြီး အပူဒဏ်ကြောင့်ဖြစ်တတ်သည့်ရောဂါများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ပြင်ဆင်ထားရှိသည်။
ဖယ်ခုံမြို့၌ သင်္ကြန်အတက်နေ့၌ ဗဟိုမဏ္ဍပ်နှင့်လမ်းလျှောက်သင်္ကြန်တွင် ရေကစားသူများဖြင့် စည်ကား
Apr 16,2026
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၌ မြန်မာ့ရိုးရာသင်္ကြန်အတက်နေ့တွင် ဖယ်ခုံမြို့ နန်းဟူးရပ်ကွက်၊ ပြည်ထောင်စုလမ်းမရှိ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့၌ ရေကစားသူများက ပျော်ရွှင်စွာ ပါဝင်လျက်ရှိသည်။
ကံမမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အတက်နေ့ပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ
Apr 16,2026
မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းလုံး၌ နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့တွင်လည်း ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အတက်နေ့ ဧပြီ (၁၆) ရက်နေ့နံနက်က စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိရာ ပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
မဟာသင်္ကြန်(အတက်နေ့)တွင် ပြည်မြို့ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်၌ ရေကစားသူများ ပိုမိုစည်ကားများပြား
Apr 16,2026
၁၃၈၇ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်(အတက်နေ့) ယနေ့နံနက်ပိုင်းတွင် ပြည်မြို့ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်၌ ရေကစားသူများ အထူးစည်ကားများပြား လျက်ရှိသည်။
ငဖဲမြို့နယ် ပဒါန်းဗဟိုမဏ္ဍပ်၌ မဟာသင်္ကြန်အတက်နေ့ ရေကစားသူများဖြင့်စည်ကား
Apr 16,2026
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်မှ ၁၃၈၈ ခုနှစ်သို့ ကူးပြောင်းသည့် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်အတက်နေ့တွင် ယိမ်းအကပြိုင်ပွဲများ၊ ဖျော်ဖြေရေးအစီအစဥ်များနှင့် ရပ်နီးရပ်ဝေးမှ လာရောက်ရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
တွံတေးမြို့နယ်၌ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အတက်နေ့နံနက်ပိုင်းပြည်သူများ ပျော်ရွှင်စွာ ဆက်လက်ဆင်နွှဲ
Apr 16,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် နှစ်စဥ်ကျင်းပလျက်ရှိသော မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကြီးကို ပျော်ရွှင်စွာဆင်နွှဲလျက်ရှိရာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊  မဟာသင်္ကြန်ပွဲတော်အတက်နေ့တွင် ကွမ်းခြံရပ်ကွက် အလယ်ပိုင်း ဗိုလ်ချုပ်လမ်းမကြီးရှိ ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်တို့တွင် ပြည်သူများကပျော်ရွှင်စွာဆင်နွှဲ လျက်ရှိကြောင်းသိရသည်။
မချမ်းဘောမြို့၌ မဟာသင်္ကြန်အတက်နေ့တွင် ရေကစားသူများ၊ စတုဒိသာကျွေးမွေးသူများဖြင့် စည်ကား
Apr 16,2026
ကချင်ပြည်နယ်၊ မချမ်းဘောမြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ အတာနှစ်ကူးမဟာသင်္ကြန်ပွဲတော်ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီက ကြီးမှူး၍ ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့မှစ၍ ကျင်းပလျက်ရှိရာ ယနေ့တွင်လည်း ရေကစားသူများ၊ ယိမ်းအကအလှများ၊ စတုဒိသာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။