ပေါက်ခေါင်းမြို့နယ်၌ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် မြို့တွင်းအန္တရာယ်ကင်းပရိတ် လှည့်လည်ပူဇော်ခံပွဲ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပေါက်ခေါင်း ဧပြီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ဇီဝိတဒါန ငါးလွှတ်ပွဲ၊ သက်ကြီးဘိုးဘွားများအား ကန်တော့ပွဲနှင့် မြို့တွင်းအန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မဟာသင်္ကြန်ပွဲတော် နှစ်ဆန်း (၁)ရက်နေ့နှင့် နှစ်ဆန်း (၂)ရက်နေ့များတွင် သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားနှင့် မြို့တွင်း အန္တရာယ်ကင်းပရိတ်တရားတော်များ လှည့်လည်ပူဇော်ခံပွဲများ ကျင်းပနိုင်ရေး စီစဉ်ထားရှိမှုများအား အသီးသီးတင်ပြကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်မှာကြားကာ အစည်းအဝေးကို အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)