သတင်းများ

မလှိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်
Apr 10,2026
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများစွမ်းရည်မြင့်မားစေရေးနှင့် တာဝန်နှင့်ဝတ္တရားများကိုနားလည်သဘောပေါက်ကြစေရန်အတွက် လစဉ်စာဖတ်ဝိုင်း ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဦးစီးဌာနတည်မြဲအမိန့်စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးသည်။
မြိတ်မြို့တွင် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး၊ ရေချွေတာရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး
Apr 10,2026
တနင်္သာရီတိုင်းဒေသကြီး  မြိတ်မြို့နယ်သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး၊‌ ရေချွေတာရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က သဘွတ်‌ကျေးရွာဓမ္မာရုံတွင် ကျင်းပသည်။
ချမ်းအေးသာစံမြို့နယ်၌ အပူဒဏ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော
Apr 10,2026
နွေရာသီကာလ အပူချိန်ပြင်းထန်မှုကြောင့် ဖြစ်ပေါ်လာနိုင်သောကျန်းမာရေးဆိုးကျိုးများနှင့် အပူဒဏ်အန္တရာယ်များကို အများပြည်သူများသိရှိလိုက်နာစေရန် အသိပညာပေးဟောပြောခြင်းကို ချမ်းအေးသာစံမြို့နယ်၊ ဝါကင်းကုန်းဘုရားဓမ္မာရုံ၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ရှေးဦးပြုစုနည်းသင်တန်း ဖွင့်လှစ်
Apr 10,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့တို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ရှည်အတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ရည်ရွယ်ကာ ရှေးဦးပြုစုနည်းသင်တန်းကို ဧပြီ ၁၀ ရက်နံနက် ၉ နာရီက ဖွင့်လှစ်သည်။
သာစည်မြို့နယ်၌ ၂၀၂၆ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပမည်
Apr 10,2026
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ဗဟိုမဏ္ဍပ်တွင် ယိမ်းအကများ၊ သီဆိုဖျော်ဖြေမှုများ၊ စတုဒိသာကျွေးခြင်းများ၊ လမ်းလျှောက်သင်္ကြန်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
ကျောက်ဆည်၌ သံပယိုသီး သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် တစ်သိန်းကျော်ရောင်းချရ 
Apr 10,2026
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်မြို့နယ်တွင် သံပယိုသီး သုံးတင်းဝင်တစ်အိတ်လျှင်း ငွေကျပ် တစ်သိန်းကျော်အထိ ရောင်းချရကြောင်း သိရသည်။
သာစည်မြို့နယ်၌ လေဘေးသင့်အိမ်ထောင်စုများအား  ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်
Apr 10,2026
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်၌ လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးစည်းဝေးခန်းမ၌ ကျင်းပသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေး
Apr 10,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် လိပ်သိုမြို့တွင် ဒေသနေပြည်သူများ မသန်စွမ်းသူများ၏ အခွင့်အရေးနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ကို မြို့ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ ပြသသည်။