မိုင်းဖြတ် ဧပြီ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာရိုးရာယဉ်ကျေးမှုများနှင့်အညီ စီစဉ်ကျင်းပသွားမည်ဖြစ်ရာ ယခုအခါ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ကြိုင်ပြင်ဆင်ရာတွင် ဖျော်ဖြေရေးမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များနှင့် စတုဒိသာကျွေးမဏ္ဍပ်များကို ပြင်ဆင်လျက်ရှိပြီး ယိမ်းအကအဖွဲ့များကလည်း လှပညီညာစွာ ဖျော်ဖြေတင်ဆက်နိုင်ရေးအတွက် လေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် နှစ်သစ်ကူးသင်္ကြန်ကာလအတွင်း ဌာနဆိုင်ရာများစုပေါင်း၍ သတ်မှတ်ရက်များအလိုက် မြန်မာမုန့်များကို စတုဒိသာများ ကျွေးမွေးခြင်း၊ သက်ကြီးဘိုးဘွားများအား ကန်တော့ခြင်းနှင့် နှစ်ဆန်းတစ်ရက်နေ့တွင် မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စီစဉ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)