သတင်းများ

ပန်းတောင်းမြို့နယ်၌ စားသုံးဆီများအား ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Apr 11,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသုံးဆီဖူလုံစေရန်နှင့် ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ ဆီကုန်သည်နှင့် ဆီအရောင်းဆိုင်များ၌ စားအုန်းဆီများအား ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချပေးနေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
မင်းလှမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်
Apr 11,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ပွဲတော်ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ အမှတ်(၂)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံအတွင်း၌ ဧပြီ (၁၃)ရက်နေ့မှ (၁၆)ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ တွေ့ဆုံပွဲအခမ်းအနား ကျင်းပ
Apr 11,2026
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ တွေ့ဆုံပွဲအခမ်းအနားကို ဧပြီ ၁၀ ရက် ညနေ ၃ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အင်းမမြို့တွင် စားအုန်းဆီအရောင်းဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ တာဝန်ရှိသူများ လိုက်လံစစ်ဆေး
Apr 11,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ပြည်သူများအနေဖြင့် စားအုန်းဆီဝယ်ယူရာတွင် ရည်ညွှန်းစျေးနှုန်းအတိုင်း ဝယ်ယူစားသုံးနိုင်စေရန်ရည်ရွယ်၍ စားအုန်းဆီအရောင်းဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက သဲကုန်းမြို့နယ်၊ အင်းမမြို့ရှိ စားအုန်းဆီအရောင်းဆိုင်များအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
ဒလမြို့နယ် ကမာကဆစ်ဈေးတွင် မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေး မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ ဆောင်ရွက်
Apr 11,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို ယမန်နေ့ညနေပိုင်းက ကမာကဆစ်ဈေးရှိ ကုန်ပစ္စည်းအရောင်းဆိုင်များသို့ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
သဲကုန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်အသိပညာပေးဟောပြောပွဲ၊ လူငယ်ရေးရာဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Apr 11,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများ ဗလငါးတန်ပြည့်စုံကြွယ်ဝစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်အသိပညာပေးဟောပြောပွဲ၊ လူငယ်​ရေးရာဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က အင်းမမြို့၊ သီရိရတနာရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
သဲကုန်းမြို့နယ်တွင် အပူဒဏ်အန္တရာယ်ဖြစ်ပေါ်​လာပါက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ
Apr 11,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သော ကျန်းမာရေးဆိုးကျိုးပြဿနာများ မဖြစ်ပွားစေရန်ရည်ရွယ်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံများတွင် အပူဒဏ်အန္တရာယ်ဖြစ်ပေါ်လာပါက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ထားရှိကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား စားသောက်ကုန်နှင့် ဝတ်စုံများ ထောက်ပံ့ပေးအပ်
Apr 11,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ‌စားသောက်ကုန်နှင့် ဝတ်စုံများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်း၌ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးက စားသောက်ကုန်နှင့် ဝတ်စုံများပေးအပ်ရခြင်းနှင့်စပ်လျဉ်၍ အမှာစကား ပြောကြားခဲ့သည်။