နောင်ချိုမြို့နယ်တွင် သင်္ကြန်ပွဲတော်အတွက် ပြင်ဆင်ဆောင်ရွက်
Apr 11,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဗဟိုမဏ္ဍပ်ကို မတ်လ ၃၁ ရက် မှစတင်၍ နောင်ချိုမြို့နယ် စွယ်တော်ရိပ်ကားဝင်းအတွင်း ဆောက်လုပ်လျက်ရှိရာ ဆောက်လုပ်ပြီးစီးမှုအခြေအနေများ၊ ယိမ်းအဖွဲ့များ လေ့ကျင့်ကပြနေမှုများကို ယမန်နေ့နေ့လည်ပိုင်းက နောင်ချိုမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစည်သူလင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကြကြောင်း သိရသည်။