မိုင်းကိုင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှု များဆောင်ရွက်

မိုင်းကိုင် ဧပြီ ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာအတာ သင်္ကြန်ပွဲတော်ကာလတွင် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ပထမဦးဆုံးအကြိမ်အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ လမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက် ပွဲတော်မုဒ်ဦးများစိုက်ထူခြင်း၊ အကမဏ္ဍပ်၊ ရေပက်မဏ္ဍပ်၊ စတုသီတာမဏ္ဍပ်များဆောက်လုပ်ခြင်း လုပ်ငန်းများကို ဧပြီလ ၁၀ ရက်နေ့မှ၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်းပရေးကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး များက  ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

မိုင်းကိုင်မြို့နယ်၏ ၂၀၂၆ ခုနှစ်၊ လမ်းလျှောက်သင်္ကြန်ပွဲတော်တွင်  စတုသီတာမဏ္ဍနှင့် ရေပက်မဏ္ဍ (၁၂)ခု၊ အခြေခံပညာကျောင်းများ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ သင်္ကြန်ယိင်းအကများဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အငွေ့အသက်တွေ မပျောက် ပျက်အောင်  စံနမူနာပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ချော(မိုင်းကိုင်)