ပေါင်မြို့နယ်၌ တန်ဆောင်မုန်းလပြည့်နေ့တွင် စတုဒီသာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိ

ပေါင် နိုဝင်ဘာ ၂၇ 

ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့၊ နိုဝင်ဘာ(၂၇) ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ စတုဒီသာကျွေးမွေးသူများ၊ အလှူဒါနပြုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

တန်ဆောင်မုန်းလပြည့်နေ့တွင် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဆွမ်းဆက်ကပ်လှူဒါန်းပူဇော်ခြင်း၊ အလှူဒါနပြုခြင်း၊ ရပ်ကွက်တိုင်း၊ ကျေးရွာတိုင်း၌ စတုဒီသာများကျွေးမွေးလှူဒါန်းခြင်း၊ လူတစ်ဦးလျှင် ဆန်တစ်ပြည်ပေးဝေခြင်း၊ ပစ္စည်းများမဲနှိုက်လှူဒါန်းပေးခြင်း၊ ကျိုက်ပေါင်းဆံတော်ရှင်တွင် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ယောဂီအဖွဲ့ (၁၇)ဖွဲ့က ဓမ္မစင်္ကြာတရားတော်ကို အလှည့်ကျ ရွတ်ဖတ်ပူဇော်ကာ ဘုရားဖူးသူများဖြင့် စည်ကားလျက်ရှိသည်။

 ထို့ပြင် ယနေ့ညနေပိုင်း၌ ပေါင်မြို့နယ် ထန်းပင်ချောင်ကြီးကျေးရွာရှိ ဗောဓိတစ်ထောင်ဘုရားက ကဒါရပ်ကွက်ရှိ ရွှေတီဂုံဖူးမျှော်စေတီတော်၊ ဇင်းကျိုက်ရပ်ကွက်ရှိ မဟာကန်တော်ကြီးတို့တွင် စတုဒီသာကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)