ဘီးလင်းမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်နေ့၌ ပြည်သူများ ကုသိုလ်ဒါနပြုခြင်း၊ မဟာဒုတ်ဆွမ်းကပ်လှူခြင်းတို့ဖြင့် စည်ကားလျက်ရှိ

ဘီးလင်း       နိုဝင်ဘာ       ၂၇

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ဗုဒ္ဓဘာသာဝင်ပြည်သူတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် တန်ဆောင်မုန်း လပြည့်နေ့တွင် ကန်သာယာ ရပ်ကွက်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်း‌လောင်းလှူပွဲနှင့် စာရေးတံမဲ လှူဒါန်းပွဲသို့ ကြွရောက်‌တော်မူကြမည့် သံဃာတော်၊ အရှင်သူမြတ်တို့အား မဟာဒုတ် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက ဗဟိုမဏ္ဍပ်များနှင့် အလှူရှင်များ၏ နေအိမ်အသီးသီးတို့၌ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ကန်သာယာရပ်ကွက်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော (၂၇) ကြိမ်မြောက်ဆွမ်းဆန်စိမ်း‌ လောင်းလှူပွဲ၊နှင့်စာရေးတံမဲ လှူဒါန်းပွဲသို့ ကြွရောက်‌တော် မူကြမည့် ဘုန်းတော်ကြီးကျောင်းအသီးသီးမှ ပင့်သံဃာ(၇၀၅) ပါးတို့အား အလှူရှင်များက မဟာဒုတ်မဲပေါက်သည့် သံဃာတော်များကို ဗဟိုမဏ္ဍပ်များနှင့် နေအိမ်များသို့ ပင့်ဆောင်ကာနေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ဥပုသ်သီလ ခံယူဆောက်တည်ခြင်းများဖြင့် ကုသိုလ်ဒါနများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဘီးလင်း(ပြန်ဆက်)