မှော်ဘီ နိုဝင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် မှော်ဘီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ် ဌာနပေါင်းစုံနှင့် မြောင်းတကာ သံမဏိသံရည်ကျို စက်မှုဇုန် မိသားစုများ၏ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉နာရီက မှော်ဘီမြို့နယ်၊ လှပဒါးကျေးရွာ၊ အောင်ချမ်းသာ ဓမ္မရိပ်သာကျောင်းတိုက်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ဧည့်ပရိတ်သတ်များက အောင်ချမ်းသာဓ္ဓမရိပ်သာကျောင်းတိုက်နာယက ဆရာတော်ဘဒန္တဝါသေဋ္ဌ (ဂန္တဝါစကပဏ္ဏိတ၊ သာသနဓဇဓမ္မစရိယ)ထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ်တို့ထံမှ ပရိတ်တရားတော်များ နာယူခဲ့ကြသည်။
ထို့နောက် မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မှော်ဘီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြောင်းတကာ သံမဏိသံရည်ကျို စက်မှုဇုန်ဥက္ကဋ္ဌ ဦးရွှေထူးနှင့် စက်မှုဇုန်မိသားစုများ၊ ဧည့်ပရိတ်သတ်များက ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး အောင်ချမ်းသာဓမ္မရိပ်သာ ကမ္မဌာနာစရိယ (မိုးကုတ်ဝိပဿနာ နယ်လှည့်သာသနာပြု ဓမ္မကထိက) လှပဒါးဆရာတော် ဘဒ္ဒန္တဝိမလထံမှ ရေစက်သွန်းချ အနုမောဒနာတရား နာကြားခဲ့သည်။
အဆိုပါ စုပေါင်းမဟာဘုံကထိန်ကို နှစ်စဉ်အစဉ် အလာမပြတ် ဆောင်ရွက်ခဲ့ကြပြီး ဘုံကထိန်တွင် အာရုံစွမ်း၊ နေ့စွမ်း နဝက္မ ဆေးပဒေသာပင်၊ ပဒေသာပင်နှင့် ကထိန်သင်္ကန်းလှူဖွယ်ဝတ္ထုပစ္စည် တန်ဖိုးမှာ စုစုပေါင်းငွေကျပ် ၁၅,၀၀၈,၇၀၀ ဆက်ကပ်လှူဒါန်းခဲ့သည်။ အဆိုပါလှူဒါန်းပွဲသို့ မှော်ဘီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မှော်ဘီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်နှင့် အဖွဲ့ဝင်များ၊ မြောင်းတကာ သံမဏိ သံရည်ကျိုစက်မှုဇုန်ဥက္ကဋ္ဌ ဦးရွှေထူးနှင့် စက်မှုဇုန်မိသားစုများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ပူဇော်ကာ အခမ်းအနား ပြီးမြောက်ခဲ့ကြောင်း သိရသည်။
ဝင်းဇော်(မှော်ဘီ)