၁၃၈၅ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့တွင် သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီ မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၌ ဘုရားဖူးကုသိုလ်ပြုသူ များပြား

ဟိုင်းကြီးကျွန်း နိုဝင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ရှိ သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီ မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးတွင် ၁၃၈၅ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)၌ ဘုရားဖူးမိဘပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဟိုင်းကြီးကျွန်း မြို့သူ၊ မြို့သားများနှင့် ရပ်ဝေးရပ်နီးမှ လာရောက်ဖူးမြော်ကြသည့် ဘုရားဖူး မိဘပြည်သူများသည် သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီ မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးနှင့် ဟိုင်းကြီးကျွန်းမြို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများအား ပန်း၊ ဆီမီး၊ သောက်တော်ရေချမ်း၊ အမွှေးနံ့သာများဖြင့် ကပ်လှူပူဇော်ခြင်းများ၊ ရွှေသင်္ကန်းများ ကပ်လှူခြင်း၊ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ ဥပုသ်သီလစောင့်တည်ခြင်းတို့ဖြင့် ဟိုင်းကြီးကျွန်းမြို့၌ စည်ကားလျက်ရှိကြောင်း သိရသည်။

လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)