မော်လမြိုင်မြို့၌ ရိုးရာဓလေ့ ရှင်ဥပဂုတ္တမထေရ်မြတ်အား ဆွမ်းအိုးမျှောကပ်လှူပွဲနှင့် စတုဒီသာ ကျွေးမွေးမှုများဖြင့် စည်ကား
Nov 28,2023
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများ၏ ဗုဒ္ဓပူဇနိယပွဲတော်များကို နှစ်စဉ် အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့)မတိုင်မီ အဖိတ်နေ့နှင့် လပြည့်နေ့တို့တွင် ဆီမီးများထွန်းညှိပူဇော်ခြင်း၊ တန်ဆောင်မုန်းလပြည့်နေ့ နံနက် အရုဏ်တက်ချိန် ရှင်ဥပဂုတ္တမထေရ်မြတ်အား ဆွမ်းအိုးမျှောကပ်လှူပူဇော်ခြင်းနှင့် မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်သည့် အခါကြီး ရက်ကြီးတွင် ဘုရားဖူးပြည်သူများ၊ ခရီးသွားပြည်သူများ အာဟာရဒါန စတုဒိသာများဖြင့် ရပ်ကွက်နှင့် ကျေးရွာလမ်းများ၊ တောင်ရိုးတန်းတလျှောက်တွင် ဧည့်ခံကျွေးမွေးခြင်းဖြင့် ကုသိုလ်ယူကြသည်။