ငဖဲ နိုဝင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်ခန်းမတွင် ၂၀၂၃ ခုနှစ် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာအေးက (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများကို ဆွေးနွေးပြောကြားပြီး ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ “အမျိုးသားအောင်ပွဲနေ့ကို တန်ဖိုးထားလို့ ငြိမ်းချမ်းစည်းလုံးသောနိုင်ငံတော်ကြီး တည်ဆောက်စို့” ခေါင်းစဉ်ဖြင့် အခြေခံပညာအထက်တန်းဆင့်စာစီစာကုံးဖြေဆိုသူ (၆)ဦး၊ အခြေခံပညာ အလယ်တန်းဆင့်ဖြေဆိုသူ (၆)ဦးနှင့် အခြေခံပညာအလယ်တန်းဆင့် ပန်းချီပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သူ (၅)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
မယု(ငဖဲ)