သတင်းများ

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား မသိုးမြတ်သင်္ကန်းတော် ကပ်လှူပူဇော်ပွဲ ကျင်းပ
Nov 28,2023
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား မသိုးမြတ်သင်္ကန်းတော် ကပ်လှူပူဇော်ပွဲကို ယနေ့ နံနက် ၅း၃၀ အချိန်က ကပ်လှူပူဇော်ခဲ့ကြောင်း သိရသည်။
တန်ဆောင်မုန်းလပြည့်နေ့တွင် ပြင်ဦးလွင်မြို့ရှိ မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရား ရင်ပြင်တော်၌ ဘုရားဖူးပြည်သူများ စည်ကား
Nov 28,2023
၁၃၈၅ ခုနှစ်၊  တန်ဆောင်မုန်းလပြည့်နေ့တွင် ပြင်ဦးလွင်မြို့ရှိတည်ထား ကိုးကွယ်လျက်ရှိသော မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး (ပြည်ချစ်ဘုရားကြီး) ရင်ပြင်တော်၌  ဘုရားဖူးပြည်သူများ စည်ကားလျက်ရှိသည်။
ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၌ (၅၂) ကြိမ်မြောက် မသိုးသင်္ကန်းတော်မြတ် ရက်ချုပ်ပြိုင်ပွဲနှင့် တန်ဆောင်တိုင်မီးထွန်းပူဇော်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ
Nov 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်​မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၌ (၅၂) ကြိမ်မြောက် မသိုးသင်္ကန်းတော်မြတ် ရက်ချုပ်ပြိုင်ပွဲနှင့် တန်ဆောင်တိုင်မီးထွန်းပူ​ဇော်ပွဲ ဖွင့်ပွဲကို နိုဝင်ဘာ (၂၆)ရက်နေ့ည ၇ နာရီတွင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး ကိုးဘုံတန်ဆောင်းတော်ကြီးအတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟိုပုံးမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲကျင်းပ
Nov 28,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဖွင့်လှစ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့နယ် မြေမီးသတ်စခန်းရုံးတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Nov 28,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ နယ်မြေမီးသတ်စခန်းရုံးတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ရပ်ကွက်များအတွင်း ဖွဲ့စည်းထားရှိသည့် အရန်တပ်ဖွဲ့ဝင်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဆင်ဖြူကျွန်းမြို့အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၃)ဆင်းပွဲအခမ်းအနားကို နိုဝင်ဘာ(၂၈)ရက် ယနေ့နံနက် ၉ နာရီအချိန်က စလင်းမြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
မတ္တရာမြို့နယ်၌ ၃၄ ကြိမ်မြောက် ဌာနဆိုင်ရာ ဝန်ထမ်းပေါင်းစုံ မဟာဘုံကထိန် ကျင်းပ
Nov 28,2023
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ရှိ ဌာနဆိုင်ရာများ စုပေါင်း၍ ကျင်းပပြုလုပ်သော ၃၄ ကြိမ်မြောက် ဝန်ထမ်းပေါင်းစုံ မဟာဘုံကထိန်ကို တန်ဆောင်မုန်းလဆန်း ၁၄ ရက်နှင့် ၁၅ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
သရက်မြို့၌ ၂၄နာရီ Helpline ဝန်ဆောင်မှု အသိပညာပေးပိုစတာ စိုက်ထူခြင်း ဆောင်ရွက်
Nov 28,2023
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ၂၄နာရီ Helpline ဝန်ဆောင်မှု အသိပညာပေးပိုစတာစိုက်ထူခြင်း ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံးဝန်းအတွင်း စိုက်ထူခဲ့ကြောင်း သိရသည်။
မိုင်းနောင်မြို့တွင် စုပေါင်းမဟာဘုံကထိန် လှည့်လည်ပူဇော်ခြင်းနှင့် တရားနာ​ရေစက်ချခြင်းများ ဆောင်ရွက်
Nov 28,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့တွင် စုပေါင်းမဟာဘုံကထိန် လှည့်လည်ပူဇော်ခြင်းနှင့် တရားနာရေစက်ချခြင်း မင်္ဂလာအခမ်းအနားကို ယမန်နေ့၊ နေ့လယ် (၁) နာရီအချိန်က မင်္ဂလာ ရန်အောင်ကျောင်းတိုက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။