ပြင်ဦးလွင် နိုဝင်ဘာ ၂၈
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့တွင် ပြင်ဦးလွင်မြို့ရှိတည်ထား ကိုးကွယ်လျက်ရှိသော မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး (ပြည်ချစ်ဘုရားကြီး) ရင်ပြင်တော်၌ ဘုရားဖူးပြည်သူများ စည်ကားလျက်ရှိသည်။
မဟာအံ့ထူးကံသာဆုတောင်းပြည့် (ပြည်ချစ်ဘုရားကြီး) ဘုရားကြီးသို့ နှစ်စဉ်နှစ်တိုင်း အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးပြည်သူများသည် တန်ဆောင်မုန်းလပြည့်နေ့တွင် ဘုရားပန်း၊ ဆီမီး၊ ဆွမ်း၊ ရွှေသင်္ကန်းနှင့် လှူဖွယ်ဝတ္တုအစုစုတို့ကို ကပ်လှူကြပြီး မိမိတို့လိုရာဆုများကို အသီးသီး တောင်းဆိုကြ၍ အဓိဋ္ဌာန်ပြုခြင်း၊ ပုတီးစိပ်ခြင်း၊ တရားထိုင်ခြင်းများကို ပြုလုပ်လျက်ရှိသည်။
တန်ဆောင်မုန်းလပြည့်နေ့သည် ဈေးပိတ်ခြင်း၊ ရုံးများပိတ်ခြင်း၊ အလုပ်ဌာနပေါင်းစုံ အားလပ်ရက် ဖြစ်ခြင်းကြောင့် မိသားစုလိုက် ခရီးထွက်ပြီး ဘုရားအစုံဖူးလေ့ရှိရာ ခရီးသွားပြည်သူများ သွားရောက်လေ့လာအပန်းဖြေသည့် ပြင်ဦးလွင်မြို့ရှိ ဆုတောင်းပြည့်မဟာအံ့ထူးကံသာ ဘုရားကြီးအား ဖူးမြော်ကြည်ညိုရခြင်းသည် အလွန်ပင်စိတ်တွင်ကြည်နူးမိပါကြောင်း၊ ဘုရားကြီးဝင်းအတွင်းမှ တူးဖော်တွေ့ရှိသော ရှေးဟောင်းရွှေထည်ပစ္စည်းများကို လေ့လာခွင့်ရရှိကြောင်း ခရီးသွားပြည်သူ တစ်ဦးထံမှကြား သိရသည်။
ခရိုင် (ပြန်/ဆက်)