စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့နယ် မြေမီးသတ်စခန်းရုံးတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

စလင်း နိုဝင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ နယ်မြေမီးသတ်စခန်းရုံးတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ရပ်ကွက်များအတွင်း ဖွဲ့စည်းထားရှိသည့် အရန်တပ်ဖွဲ့ဝင်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဆင်ဖြူကျွန်းမြို့အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၃)ဆင်းပွဲအခမ်းအနားကို နိုဝင်ဘာ(၂၈)ရက် ယနေ့နံနက် ၉ နာရီအချိန်က စလင်းမြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က အဖွင့်အမှာစကား    ပြောကြားပြီးနောက် စလင်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးဝင်းဗိုလ်က ရပ်ကွက်၊ ကျေးရွာများနှင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကျရောက်ပါက ပျက်စီးဆုံးရှုံးမှုနည်းစွာဖြင့် ကာကွယ်ရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြစေရန်နှင့် ယခုသင်တန်းမှ သင်ကြားပို့ချခဲ့ပြီးသော စာတွေ့လက်တွေ့ ဘာသာရပ်များကို စိတ်ပါဝင်စားစွာ သင်ကြားလေ့ကျင့်ပြီးဆုံးခဲ့ပြီး အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၃)အား အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ကာ ဒီသင်တန်းမှရရှိခဲ့သည် အတွေ့အကြုံများအား မီးဘေးအန္တရာယ်နှင့် သဘာဝဘေးများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အရန်မီးသတ်သင်တန်းတွင် သင်တန်းသား (၅၀)ဦးတို့ တက်ရောက်ခဲ့ကြကာ အရန်မီးသတ်သင်တန်းမှ အကောင်းဆုံးမီးသတ်သင်တန်းသား ပထမဆုကို လွင်မင်းခန့်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်နိုင်၊ အကောင်းဆုံးသင်တန်းသား ဒုတိယဆုကို ဟိန်းဇင်ထွန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ထင်လင်းအောင်၊ အကောင်းဆုံးသင်တန်းသား တတိယဆုကို သင်တန်းသား လွှမ်းမိုးအောင်အား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်သူနှင့် သင်တန်းတက်ရောက်ကြသည့် အရန်မီးသတ်သင်တန်းဆင်းလက်မှတ်များကို မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးမှ တက်ရောက်ရယူခဲ့ကြောင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

(မောင်လွင်)စလင်း