မိုင်းဆတ်မြို့၌ သတင်းဗီဒီယိုတည်းဖြတ်ခြင်းသင်တန်း ဖွင့်လှစ်

မိုင်းဆတ် နိုဝင်ဘာ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်(၉)နာရီခွဲက Mobile Phone ဖြင့် သတင်းဗီဒီယိုတည်းဖြတ်ခြင်း သင်တန်းဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က မိုင်းတုံမြို့နယ်၊ မိုင်းခုတ်မြို့၊ ပုံပါကျင်မြို့နှင့် မုံးထမြို့များရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် သတင်းအချက်အလက်များ မှန်ကန်တိကျစေရေး၊ သတင်းရေးသားရာတွင် စာလုံးပေါင်းသတ်ပုံမှန်ကန်စေရေး၊ ဖွံ့ဖြိုးတိုးတက်နေသည့်ခေတ်နှင့်အညီ နည်းပညာများအသုံးချတတ်စေရန် Mobile Phone သတင်းဗီဒီယိုတည်းခြင်း သင်တန်းဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့ပြီး ဦးစီးအရာရှိ ဦးလင်းထင်ကျော်က သင်တန်းတွင်ပို့ချမည့်သင်ခန်းစာများနှင့် စပ်လျဉ်း၍ မိမိတို့ဌာနဝန်ထမ်းများအနေဖြင့် စိတ်ပါဝင်စားစွာ ကြိုးစားသင်ယူကြရန် ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သတင်းဗီဒီယိုတည်းဖြတ်ခြင်းသင်တန်းကို နိုဝင်ဘာလ(၃၀)ရက်နေ့မှ ဒီဇင်ဘာလ(၁)ရက်နေ့ အထိ (၂)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး မိုင်းတုံမြို့နယ်၊ မိုင်းခုတ်မြို့၊ ပုံပါကျင်မြို့နှင့် မုံးထမြို့မှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် ပညာရေးဦးစီးဌာနမှ ဝန်ထမ်းတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)