ပင်းတယမြို့နယ်၌ တိရစ္ဆာန်‌ကောင်ရေစာရင်း မြေပြင်ကောက်ယူခြင်းလုပ်ငန်းကို ရာနှုန်းပြည့်ဆောင်ရွက်ပြီးဖြစ်

ပင်းတယ နိုဝင်ဘာ ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ အသားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံကိန်းကဏာန်းများ မှန်ကန်ရေးသည် လွန်စွာအရေးပါသဖြင့်လုပ်ငန်းများအောင်မြင်ရေးအတွက် တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်းထုတ်လုပ်မှုစာရင်း အတည်ပြုထုတ်ပြန်ရန်၊ တိရစ္ဆာန်ကောင်ရေတိုးပွားမှုစံနှုန်းများ သုံးသပ်ပြင်ဆင်နိုင်ရေးအတွက် အိမ်မွေးတိရစ္ဆာန်‌စာရင်းကောက်ယူခြင်း၊ စီးပွားဖြစ်မွေးမြူသည့်လုပ်ငန်းများ စာရင်းကောက်ယူလုပ်ငန်းကို ဓနုဒေသမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇော်ထွေး ဦးဆောင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။

ယခုလက်ရှိပင်းတယမြို့နယ်၌ အိမ်ထောင်စုပေါင်း(၃၄၄၈)မှ တိရစ္ဆာန်ကောင်ရေစာရင်းကို ကောက်ယူနိုင်ခဲ့ပြီး၊ ပြီးစီးမှုရာခိုင်နှုန်း ၁၀၀% နှင့် ComCare ဖြင့် အိမ်ထောင်စု(၂၈၀၆)ကို စာရင်းသွင်းပြီးကြောင်း၊ ပြီးစီးမှုရာခိုင်နှုန်း ၈၁.၃၈%ရှိပြီဖြစ်ကြောင်း ဓနုဒေသမွေးမြူရေးနှင့်ကုရေးဦးစီးဌာနမှ သိရသည်။

အောင်ကိုဦး (ပြန်/ဆက်)