သတင်းများ

ကျောက်ဆည်မြို့တွင် (၁၄၆၁၆၆၀၀၀)ကျပ်တန်ဖိုးရှိ အက်စီတုန်း၊ တော်လူးအင်း၊ ဆာလဖြူရစ် အက်စစ်များအား မြေမြှုပ်ဖျက်ဆီး
Nov 30,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  ကျောက်ဆည်မြို့တွင် ယနေ့နံနက် (၁၀)နာရီအချိန်က အင်ဒိုင်း ကျေးရွာ၊ မင်းမွေးတောင်သုဿန်တွင် ကျောက်ဆည်မြို့မရဲစခန်းမှ မယ(ပ)၃/၂၀၂၃၊  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ-၁၆(ခ)မှ ဖမ်းဆီးရမိသော (၁၄၆၁၆၆၀၀၀)ကျပ် တန်ဖိုးရှိထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သော အက်စီတုန်း၊ တော်လူးအင်း၊ ဆာဖြူရစ်အက်စစ်များအားမြေမြှုပ်ဖျက်ဆီးခြင်း အခမ်းအနားပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မောင်မောင်အေးနှင့်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ခရိုင်ရဲမှူး ဒုတိယရဲမှူးကြီးရွှေဦး၊ မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးမြင့်စိုးနှင့် တာဝန်ရှိသူများ၊ဒေသတွင်းဖမ်းဆီးရမိသော ထိန်းချုပ် ဓာတုပစ္စည်းများ လက်ခံဖျက်ဆီးရေး ဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ  တက်ရောက်ခဲ့ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်၊ တောင်သာရပ်ကွက်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Nov 30,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပျဉ်းမနားမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းထွန်းအောင်နှင့် ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (သစ်လေးလုံး)၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လူမှုကရုဏာလုပ်ငန်းဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးသင်တန်းဖွင့်ပွဲ ကျင်းပ
Nov 30,2023
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် လူမှုကရုဏာလုပ်ငန်းဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးသင်တန်းဖွင့်ပွဲကို နိုဝင်ဘာလ (၂၈) ရက်နေ့ နံနက်ပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင် ကျင်းပခဲ့ရာ အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့် တက်ရောက်​ပြီး အမှာစကားပြောကြားခဲ့သည်။
(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်ဓာတ်ပုံပြပွဲပြုလုပ်
Nov 30,2023
ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်၊ အ.လ.က.(ခွဲ)(၃) မိုင်ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ဓာတ်ပုံပြပွဲပြုလုပ် ကျင်းပခဲ့သည်။
စေတုတ္တရာမြို့နယ် မြို့မဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး စစ်ဆေးခြင်းများ ဆောင်ရွက်
Nov 30,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန မြို့နယ်လျှပ်စစ်ပူးပေါင်းအဖွဲ့များဖြင့် မြို့နယ်မြို့မဈေးကြီး၌ မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးအတွက် လုံခြုံရေးမီးများစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်တွင် စစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ပျဉ်းမနားမြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်း လုပ်ငန်းစဉ်များအား ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ပေး
Nov 30,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် လူဝင်မှု​ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရပ်ကွက်/ကျေးရွာများအတွင်းရှိ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်း လုပ်ငန်းစဉ်များကို မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့တွင် တောင်သာအုပ်စု၊ သီရိရတနာဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။
စိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်ရန် ဝယ်ယူကြိတ်ခွဲ၊ တင်ပို့သူအစုအဖွဲ့ သွင်းအားစု အစုအဖွဲ့ တောင်သူအစုအဖွဲ့တို့ သုံးဦးသုံးဖလှယ်သဘောတူစာချုပ်ဆိုခြင်း အခမ်းအနားကျင်းပ
Nov 30,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆီထွက်သီးနှံ(ဆောင်းမြေပဲ)စီမံကိန်းစိုက်ပျိုးထုတ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်ရန် ဝယ်ယူကြိတ်ခွဲ၊ တင်ပို့သူအစုအဖွဲ့ သွင်းအားစု အစုအဖွဲ့ တောင်သူအစုအဖွဲ့တို့ သုံးဦးသုံးဖလှယ်သဘော တူစာချုပ်ဆိုခြင်း အခမ်းအနားကို ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ရုံးခန်း၌ ယနေ့နံနက် ၁၀ နာရီအချိန်ကပြုလုပ်ခဲ့ကြောင်းသိရသည်။
တောင်ကုတ်မြို့သို့ ရေပေးဝေလျက်ရှိသည့် ဂရုဏာဆည်မှ ပင်မရေပိုက်လိုင်း အကြီးစားပြုပြင်နေစဉ်ကာလအတွင်း ရေပေးဝေရေးလုပ်ငန်းခေတ္တပိတ်ထားမည်ဖြစ်ပြီး ပြန်လည်ပေးဝေနိုင်ရေး အမြန်ဆောင်ရွက်
Nov 30,2023
တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများသို့ ဂရုဏာဆည်မှ ရေများကိုပေးဝေလျက်ရှိရာ ပင်မရေပိုက်လိုင်းမှာကွဲအက်ပျက်စီးသွားသဖြင့် အကြီးစားပြင်ဆင်မှုများကို ဆောင်ရွက်နိုင်ရန်အတွက် ယနေ့နံနက်ပိုင်းမှစ၍ ရေပေးဝေခြင်းလုပ်ငန်းကို ခေတ္တပိတ်ထားကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှသိရသည်။