မြို့သစ် နိုဝင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) အကြို လှုပ်ရှားမှုအဖြစ် “လူတိုင်းသက်ရှည်ကျန်းမာဖို့၊ ပြည်သူ့ကျန်းမာရေးမြှင့်တင်စို့ ” ဆောင်ပုဒ်နှင့်အညီ မြို့သစ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အလှူရှင်များပူး ပေါင်း၍ အခြေခံပညာကျောင်းများမှ (Refractive Error) ရှိသော ကျောင်းသား၊ ကျောင်းသူများအား မျက်မှန်တပ်ဆင်ပေးခြင်း အစီအစဉ်ကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မျိုးဇော်က မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) အကြို လှုပ်ရှားမှုအဖြစ် (Refractive Error) ရှိသော ကျောင်းသား၊ ကျောင်းသူများအား (အခမဲ့) မျက်မှန်တပ်ဆင်ပေးခြင်း အစီအစဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ (Refractive Error) ရှိသော ကျောင်းသား၊ ကျောင်းသူ (၁၇) ဦးအား မြို့နယ်ပညာရေးမှူး ဦးဝင်းအောင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့် အလှူရှင်များက (အခမဲ့) မျက်မှန် တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း( ပြန်/ဆက်)