ဟိုပုံး နိုဝင်ဘာ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အခမ်းအနားမှူးသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်းက အမှာစကားပြောကြားရတွင် အခမ်းအနားတစ်ခု အောင်မြင်ချောမောစွာ ပြီးမြောက်နိုင်ရေးအတွက် အခမ်းအနားမှူးသည် ဦးဆောင်သူဖြစ်ပါကြောင်း၊ အခမ်းအနားမှူးကောင်းတစ်ယောက်ဖြစ်ရန်အတွက် အဓိကအရည်အချင်းမျာဖြစ်သည့် သတ္တိ၊ သတိ၊ သိတတ်မှု၊ ရုပ်ပိုင်းဆိုင်ရာများနှင့် ကိုယ်ဟန်အမူအရာ၊ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ၊ အသံပိုင်းဆိုင်ရာနှင့် စကားပြောစတိုင်၊ လေယူလေသိမ်းများ၊ ကောင်းမွန်ရန်လိုအပ်ကြောင်းနှင့် အခမ်းအနားမှူးအမျိုးမျိုးကို ဦးဆောင်နိုင်သည့် အခမ်းအနားမှူးကောင်းတစ်ယောက်ဖြစ်လာရန် ကြိုးပမ်းစေလိုကြောင်း ပြောကြားသည်။ အဆိုပါသင်တန်းကို တစ်ရက်တာ ဖွင့်လှစ်ပို့ချခဲ့ခြင်းဖြစ်ပြီး ဟိုပုံးမြို့နယ် အခြေခံပညာကျောင်းများမှာ ကျောင်းအုပ်ဆရာ/ ဆရာမ(၃၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)