ပျဉ်းမနား နိုဝင်ဘာ ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရပ်ကွက်/ကျေးရွာများအတွင်းရှိ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်း လုပ်ငန်းစဉ်များကို မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့တွင် တောင်သာအုပ်စု၊ သီရိရတနာဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပျဉ်းမနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းအောင်က မိမိတို့ဌာနအနေဖြင့် နိုင်ငံအတွင်း နေထိုင်သူ အသက် (၁၀)နှစ်နှင့်အထက် နိုင်ငံသားတို့၏ Biographic Data နှင့် Biometric Data များကောက်ယူ၍ Database တွင်သိမ်းဆည်းပြီး ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပြီး တောင်သာကျေးရွာအုပ်စု အတွင်းရှိ ပြည်သူ (၃၆၁) ဦးအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူသည့် လုပ်ငန်းစဉ်များ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မျိုးသီဟ(ပြန်/ဆက်)