မြစ်သားမြို့နယ် ရွှေပေါ်ကျွန်းကျေးရွာအုပ်စု၌ (Biometric) အချက်အလက် ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်

မြစ်သား ဒီဇင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက (Biometric) အချက်အလက် ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်း လုပ်ငန်းများကို ရွှေပေါ်ကျွန်းကျေးရွာအုပ်စု၊ ရွှေပေါ်ကျွန်းကျောင်းတိုက်၌ ယမန်နေ့က စတင်ဆောင်ရွက်ပေးခဲ့ရာ ယနေ့ ဒီဇင်ဘာ (၁) ရက်နေ့ ညနေပိုင်းအထိ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ လုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်လူဝင်မှုကြီးကြပ်ရေးမှူး ဦးထွန်းနိုင်ဦးနှင့် တာဝန်ရှိသူများက ရွှေပေါ်ကျွန်းကျေးရွာအုပ်စုအတွင်းရှိ ‌ကျေးရွာသူ၊  ကျေးရွာသားများနှင့် ၎င်းတို့၏ အသက်(၁၀)နှစ်အထက် မိသားစုဝင်များအား (Biometric) အချက်အလက်ကောက်ယူခြင်းနှင့် ဂဏန်း (၁၀) လုံး ပါဝင်သည့် (Uniqueti) နံပါတ်ပါ ကတ်ပြားများနှင့် စာရင်းကောက်ယူခြင်း လုပ်ငန်းများကို စနစ်တကျ ဖြစ်စေရေးအတွက် စုရပ်များ သတ်မှတ်ကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။        

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ပေးရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး  ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများက  ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ကျန်ရှိနေသော  ကျေးရွာများသို့လည်း ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းမင်းထွန်း(မြစ်သား)