မြစ်သားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မြစ်သား ဒီဇင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာ‌ရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးခိုင်က ယခု  အစည်းအဝေးကျင်းပပြုလုပ်ရခြင်းမှာ မြို့နယ်အတွင်းထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တပြေးညီ တင်ပြသွားကြရန်၊ မိမိတို့ရပ်ကွက်/ကျေးရွာအတွက် အထူးလုံခြုံရေးသတိပြုကြရန်နှင့် သန့်ရှင်းသာယာလှစေရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်၊ ရပ်ကျေးစာရေးများ အနေဖြင့်လည်း အခက်အခဲများ တခြားလိုအပ်ချက်များရှိပါကလည်း တင်ပြပေးစေလိုကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယအုပ်ချုပ်ရေးမှူးဦးရှိန်းသူက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများကို စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး အကြောင်းအရာများဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက အစည်းအဝေးနှင့်ပတ်သက်၍ လိုအပ်သည်များ ဖြည့်စွက်ပြောကြားပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်အောင်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ကာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများက သိလိုသည့်အချက်အလက်များကို မေးမြန်းပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဝါဝါမြင့်(မြစ်သား)