မင်းလှမြို့တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲ ကျင်းပ

အထက်မင်းလှ ဒီဇင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် ပညာရေးဌာနမှ ကြီးမှူး၍ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက်(၉)နာရီက မင်းလှအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်းလှမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများတွင် “အမျိုးသားနေ့တို့မမေ့”ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ဖြေဆိုခဲ့ကြရာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်(၁၁)ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်(၁၁)ဦး၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင်(၄)ဦး၊ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင်(၉)ဦး၊ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင်(၁၁)ဦး၊ စုစု‌ပေါင်း ကျောင်းသား၊ ကျောင်းသူ(၄၆)ဦး ဖြေဆိုခဲ့သည်။

အဆိုပါ ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနား၌ ဆုများပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)