ကော့သောင်း ဒီဇင်ဘာ ၁
ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကော့သောင်းမြို့၊ အောင်သုခရပ်ကွက်၊ မူလွန်အောင်သုခကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြိုအထိမ်းအမှတ်အဖြစ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲ ပြုလုပ်ကျင်းပသည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ကျောင်းသား/ကျောင်းသူများအား ကော့သောင်းခရိုင် ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၊ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက မြန်မာနိုင်ငံအမျိုးသားအောင်ပွဲနေ့ဖြစ် ပေါ်လာပုံသမိုင်းကြောင်းနှင့် သိကောင်းစရာများ ၊ ကျောင်းနေအရွယ်ကလေးဘဝမှ စတင်ကာ နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာရေး ၊ နိုင်ငံတော်နှင့်အမျိုးဂုဏ်ဇာတိဂုဏ်ကို ထိန်းသိမ်းကာကွယ်စိတ်၊ အမျိုးသားရေးစိတ်ဓာတ်၏ အရေးပါမှု စသည့် ဗဟုသုတဖြစ်ဖွယ်များနှင့် သိမှတ် ဖွယ်ရာများအား အသိပညာပေး ဟောပြောပြီး ကျောင်းသား၊ကျောင်းသူများအား မှတ်တမ်းဓာတ်ပုံနှင့် နံရံကပ်စာစောင်များအား ခင်းကျင်းပြသပေးရာ ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)