ကလော ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ဘော်နင်းကျေးရွာအုပ်စု၊ ဘုရားပျိုကျေးရွာတွင် မြို့နယ်စိုက်/ထွေသမဝါယမအသင်းလီမီတက်အသင်းနှင့် စိုက်ပျိုးရေးတောင်သူများ ပူးပေါင်း၍ နိုဝင်ဘာ၂၉ရက်နေ့ နံနက် ၁၀ နာရီက မိုးစပါး ဧက ၃၀၀ခန့် ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။ မိုးစပါးများ ရိတ်သိမ်းရာနေရာသို့ မြို့နယ်သမဝါယမဦးစီးအရာရှိနှင့် တာဝန်ရှိသူများက သွားရောက်၍ ရွေရင်အေးမိုးစပါး ဧက ၃၀၀ ခန့် စိုက်ပျိုးထားပြီး ၁ ဧကတင်း ၁၄၀ ထွက်ရှိကြောင်း၊ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရယူထားသည့် စိုက်ပျိုးရေးတောင်သူများ စပါးရိတ်သိမ်းခြွေစက်ဖြင့် မိုးစပါးများ ရိတ်သိမ်းနေမှုကို ကြည့်ရှု့အားပေးခဲ့သည်။
မြို့နယ်(ပြန်/ဆက်)