မင်းလှမြို့နယ်တွင် တိရစ္ဆာန်ကောင်ရေစာရင်း‌မြေပြင်ကောက်ယူခြင်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်

အထက်မင်းလှ   ဒီဇင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ တိရစ္ဆာန်‌ကောင်ရေစာရင်းကောက်ယူခြင်းကို နိုင်ဘာလ(၁)ရက်နေ့က စတင်ကောက်ယူခဲ့ရာ နိုဝင်ဘာလ(၃၀)ရက်နေ့တွင် ရာနှုန်းပြည့်‌ကောက်ယူပြီးဖြစ်‌ကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရာ၌ မြို့နယ်အတွင်းရှိ အိမ်မွေးတိရစ္ဆာန်များနှင့် စီးပွားရေးအရ အရေးပါသော တိရစ္ဆာန်များ၏‌ကောင်ရေစာရင်းကို အတိအကျရရှိစေရန် ကောက်ယူရရှိသော တိရစ္ဆာန်‌ကောင်ရေစာရင်းများအပေါ် အခြေပြု၍ တိရစ္ဆာန်မွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်းဖြင့် နိုင်ငံ့စီးပွားရေးကို အထောက်အကူပြုစေရန်၊ တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ နိုင်ငံတော်၏ ဦးတည်ချက်ကို ပြည်သူလူထုမှ ပိုမိုနားလည် သဘောပေါက်စေရန် ရည်ရွယ်၍ တိရစ္ဆာန်စာရင်း‌ကောက်ယူခြင်းဖြစ်‌ကြောင်း မြို့နယ်‌မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရန်အတွက် မြို့နယ်အတွင်းရှိ ကျေးရွာ(၃၄)ရွာမှ အိမ်ထောင်စုပေါင်း(၇၂၂၉)မှ တိရစ္ဆာန်ကောင်ရေစာရင်းကို တိရစ္ဆာန်ကျန်းမာရေးလုပ်သား(၃၄)ဦးမှ စာရင်းကောက်ယူခဲ့ရာတွင် ရာနှုန်းပြည့်ကောက်ယူပြီးစီးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)