နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွန်ရငွေပြည့်မီရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ  

နတ်မောက် ဒီဇင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွန်ရငွေပြည့်မီရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ကျင်းပခဲ့သည်။                  

အဆိုပါအစည်းအဝေးတွင် မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိက မြို့ပေါ်ရပ်ကွက်များရှိ ဘော်ဒါကျောင်းဆောင်ပိုင်ရှင်များအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အထူးဂရုပြုဆောင်ရွက်ရန်၊ ကျောင်းဆောင်အတွင်း၌ မီးသတ်ဆေးဘူးများ၊ ရေပုံး၊ သဲအိတ်များ၊ လှေခါးများထားရှိရန်နှင့် ကျောင်းသား/သူများ ကျန်းမာရေးညီညွှတ်စေရန် ဘော်ဒါဝန်းကျင်များ၌ သန့်ရှင်းရေးဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။

မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မောင်က နတ်မောက်မြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ အခွန်နယ်ပယ်သစ်ရရှိရေး ဘော်ဒါကျောင်းဆောင်များအား အခွန်စည်းကြပ်နိုင်ရေး လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ဘော်ဒါကျောင်းဆောင်ပိုင်ရှင်များမှလည်း အခွန်များပေးဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှဝင်း