မင်းလှ ဒီဇင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က ဒီဇင်ဘာလ စုပေါင်းလူထုလမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွဲကြရန် အစီအစဥ်များ၊ နွေစပါးနှင့် အခြားသီးနှံများကိုလည်း အချိန်မှီ စိုက်ပျိုးကြရန်၊ မွေးမြူရေးကဏ္ဍများ ပိုမိုတိုးတက်ရေး ကြိုးစားလုပ်ဆောင်ကြရန်၊ မြို့သန့်ရှင်းလှပစေရန်အတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးတွင် ပါဝင်ဆောင်ရွက်ကြရန်၊ လုံခြုံရေးကိစ္စရပ်များတို့ကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ဌာနဆိုင်ရာအကြီးအကဲများလုပ်ငန်းအခြေအနေများနှင့် လိုအပ်ချက်များကို အသီးသီးဆွေးနွေးတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားခဲ့သည်။
ပေါက်စ(မင်းလှ)