မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ်စိုက်ခင်းတွင် စိုက်ပျိုးခြင်းကွင်းသရုပ်ပြ ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် (၁၀) နာရီအချိန်က တယ်ချောင်းကျေးရွာအုပ်စု၊ ဂျုံးဂျုံးဂျကျေးရွာ ပြည်သူ့ဆေးရုံးဝန်းအတွင်း ဦးပိုင်အမှတ် (၁၃၀၁) လယ်မြေ၌ ကျင်းပသည်။
အယ်နီညိုရာသီဥတုဖြစ်စဥ်ကြောင့် သီးနှံထွက်နှုန်း လျော့ကျမှု မရှိစေရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုး၍ပြုလုပ်သုံးစွဲ ခြင်းအားဖြင့် အာဟာရပြည့်ဝသော မြေဆီမြေနှစ်ရရှိခြင်း၊ သီးနှံအကန့်လိုက် စိုက်ပျိုးနည်းစနစ်ဖြင့် ဆောင်ရွက်ထားသော စံပြစိုက်ခင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်နှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများ၊လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့များအား (၆)ဧကလျှင် (၁၂ )ပြည်နှုန်းဖြင့် ထည့်သွင်းစိုက်ပျိုးခဲ့ကြ ကြောင်းသိရသည်။
ရဲကိုမောင် (ပြန်/ဆက်)