မြို့သစ်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

မြို့သစ် ဒီဇင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယမန်နေ့ညနေ ၆နာရီ အချိန်ခန့်က မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံနှိုးဆော်ခဲ့သည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ  မီးသတ်ဦးစီးမှူး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မိဘပြည်သူများ၊ လုပ်ငန်းရှင်များ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများအနေဖြင့် မိမိတို့နေထိုင်ရာ ဌာနဆိုင်ရာရုံးနှင့် နေအိမ်အဆောက်အဦးများတွင် မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားရှိကြရန်၊ မော်တော်ယာဉ်များ၊ စက်သုံးဆီဆိုင်များ၊ ဌာနဆိုင်ရာ ရုံးအဆောက်အဦများ၌ မီးဘေးကြိုတင်ကာကွယ်ရန် ထားရှိအပ်သော ရှေးဦးမီးငြှိမ်းသတ်ရေးပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ မီးသတ်ဆေးဘူးများ၊ တပ်ဆင်ထားရှိကြရန်၊ မိမိတို့ အဆောက်အဦများအတွင်း တပ်ဆင်ထားသော လျှပ်စစ်ဝါယာကြိုးများ ဟောင်းနွမ်းပျက်စီးနေပါက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အသစ်လဲလှယ်တပ်ဆင် အသုံးပြုရန်နှင့် မီးလောင်မှုဖြစ်ပွားပါက  မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို ပြည်သူလူထုများ သိရှိနိုင်ရေးအတွက် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

သန်းဝင်းထွန်း ( ပြန်/ဆက်)